၂၀၂၅ ခုနှစ်ရဲ့ တန်ဖိုးအကြီးဆုံး ဆယ်ကျော်သက်ကစားသမား ၁၀ ဦးစာရင်းမှာ ဘာစီလိုနာ၊ ရီးရဲလ်နဲ့ အာဆင်နယ်ကစားသမား နှစ်ဦးစီပါဝင်
11 Nov
၂၀၂၅ ခုနှစ်ရဲ့ တန်ဖိုးအကြီးဆုံး ဆယ်ကျော်သက်ကစားသမားစာရင်းကို CIES က ထုတ်ပြန်ခဲ့ရာ ဘာစီလိုနာ တိုက်စစ်ကစားသမား ယာမယ် က တန်ဖိုးအကြီးဆုံးဖြစ်ခဲ့ပြီး ထိပ်ဆုံး ၁၀ ဦးစာရင်းမှာ ဘာစီလိုနာ၊ ရီးရဲလ်နဲ့ အာဆင်နယ်အသင်းတို့က ကစားသမားနှစ်ဦးစီ ပါဝင်ခဲ့ကြောင်း သိရပါတယ်။ CIES က စပိန်ကစားသမား ယာမယ် ရဲ့တန်ဖိုးကို ပေါင် ၃၀၈ သန်းလို့ သတ်မှတ်ခဲ့ပြီး ဒုတိယတန်ဖိုးအကြီးဆုံး ကတော့ ချဲလ်ဆီးအသင်းက ဘရာဇီးလ်တိုက်စစ်ကစားသမား အက်စတီဗာအို ဖြစ်ပါတယ်။ စပို့တင်းလစ္စဘွန်းက ပေါ်တူဂီလက်ရွေးစင် ညာတောင်ပံကစားသမား ကယ်ဒါ ဟာ ၂၀၂၆ နွေရာသီမှာ ချယ်လ်ဆီးအသင်းကို ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရရှိထားပြီဖြစ်ကြောင်းလည်း သိရပါတယ်။(NVS 008)
11 Nov