ဒဏ်ရာပြဿနာများကြောင့် ဂူဟီ၊ နစ်ပုပ်နဲ့ ဂေါ်ဒွန် တို့ အင်္ဂလန်အသင်းရဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲတွေကို လွဲချော်

11 Nov

ခရစ္စတယ်ပဲလေ့စ်နောက်ခံလူ ဂူဟီ၊ နယူးကာဆယ်ဂိုးသမား နစ်ပုပ် နဲ့ နယူးကာဆယ်တိုက်စစ်ကစားသမား ဂေါ်ဒွန် တို့ဟာ ဒဏ်ရာပြဿနာတွေကြောင့် အင်္ဂလန်အသင်းရဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲတွေကို လွဲချော်မယ်လို့ သိရပါတယ်။ အင်္ဂလန်အသင်းဟာ နိုဝင်ဘာလ ၁၃ ရက်မှာ ဆားဘီးယား၊ နိုဝင်ဘာလ ၁၆ ရက်မှာ အယ်လ်ဘေးနီးယားအသင်းတွေနဲ့ ၂၀၂၆ ကမ္ဘာ့ဖလား နောက်ဆုံးခြေစစ်ပွဲနှစ်ပွဲ ကစားရမှာဖြစ်ပြီး ခြေစစ်ပွဲ အောင်မြင်ထားပြီးဖြစ်လို့ ရလဒ်ပိုင်းကတော့ အရေးမကြီးတော့တာဖြစ်ပါတယ်။ ပဲလေ့စ်နောက်ခံလူ ဂူဟီ က ကွန်းဖရန့်လိဂ်ပွဲမှာ ခြေဖဝါးဒဏ်ရာရရှိခဲ့ပြီး နစ်ပုပ် က ဘရန့်ဖို့ဒ်နဲ့ပွဲမှာ ဦးခေါင်းဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်ပါတယ်။ ဂေါ်ဒွန် ကတော့ တင်ပါးဒဏ်ရာကြောင့် ဘရန့်ဖို့ဒ်နဲ့ပွဲကိုလည်း လွဲချော်ခဲ့ရပြီး ဒဏ်ရာက မပြင်းထန်ပေမဲ့ အင်္ဂလန်အသင်းရဲ့ပွဲတွေကို လွဲချော်ရလိမ့်မယ်လို့ နယူးကာဆယ်နည်းပြ အက်ဒီဟောင်း က အတည်ပြုပြောကြားခဲ့ပါတယ်။(NVS 008)

11 Nov

ADVERTISE HERE .