မော်ဂန်ရော်ဂျာစ် ကို ၂၀၃၁ ခုနှစ်အထိ သက်တမ်းတိုးစာချုပ် ချုပ်ဆိုလိုက်တဲ့ အက်စတွန်ဗီလာအသင်း
11 Nov
အက်စတွန်ဗီလာအသင်းဟာ အင်္ဂလန်တိုက်စစ်ကစားသမား မော်ဂန်ရော်ဂျာစ် ကို ၂၀၃၁ ခုနှစ်အထိ နှစ်ရှည်သက်တမ်းတိုးစာချုပ် ချုပ်ဆိုလိုက်ကြောင်း သိရပါတယ်။ အသက် ၂၃ နှစ်အရွယ် မော်ဂန်ရော်ဂျာစ် ဟာ ၂၀၂၄ ဆောင်းရာသီအပြောင်းအရွှေ့မှာ မစ်ဒယ်ဘရော့ကနေ အက်စတွန်ဗီလာအသင်းကို ရောက်ရှိခဲ့သူဖြစ်ပြီး ပြီးခဲ့တဲ့ရာသီမှာ PFA အကောင်းဆုံးလူငယ်ကစားသမားဆု ရရှိတဲ့အထိ ခြေစွမ်းပြနိုင်ခဲ့ပါတယ်။ ဒါကြောင့် ထိပ်သီးအသင်းတွေရဲ့ စိတ်ဝင်စားခြင်းခံခဲ့ရပြီး မန်ယူအသင်းရဲ့ ပစ်မှတ်ကစားသမားဖြစ်လာခဲ့ကာ ပြီးခဲ့တဲ့နွေရာသီမှာ အပြောင်းအရွှေ့သတင်းများ ထွက်ခဲ့ပါတယ်။ ဒါပေမယ့် အက်စတွန်ဗီလာအသင်းက ဆက်ထိန်းထားနိုင်ခဲ့တဲ့အပြင် သက်တမ်းတိုးစာချုပ်ကို ချုပ်ဆိုနိုင်ခဲ့တာ ဖြစ်ပါတယ်။ မော်ဂန်ရော်ဂျာစ် က အက်စတွန်ဗီလာအသင်းကို ကိုယ့်အိမ်လိုခံစားရပြီး အားလုံးရဲ့ယုံကြည်မှုကို ရရှိတဲ့ အတွက် စာချုပ်သစ်ချုပ်ဆိုဖို့ မစောင့်နိုင်အောင် ဖြစ်ခဲ့ရကြောင်း ပြောကြားခဲ့ပါတယ်။(NVS 008)