ရွေးကောက်ပွဲအပိုင်း(၃) ကို အပိုင်း(၂)ပြီး၍ နှစ်ပတ်အကြာမှာ ကျင်းပမည်
11 Nov
ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း (၃) ကို ရွေးကောက်ပွဲအပိုင်း (၂) ကျင်းပပြီး နှစ်ပတ် အကြာမှာ ကျင်းပမည်ဖြစ်ကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း က နိုဝင်ဘာလ ၁၀ ရက်ညပိုင်းမှာ ပြောကြားခဲ့ပါတယ်။ ရွေးကောက်ပွဲအပိုင်း(၁)ကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်တွင် မြို့နယ်(၁၀၂)မြို့နယ်၌ စတင်ကျင်းပမည် ဖြစ်ပြီး အပိုင်း(၂)ကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ(၁၁)ရက်တွင် မြို့နယ်(၁၀၀)မြို့နယ်၌ ကျင်းပမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်ပါတယ်။ ရွေးကောက်ပွဲအပိုင်း(၃)ကျင်းပမည့် မြို့နယ်များကိုမူ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အသိပေး ထုတ်ပြန်ခြင်းမရှိသေးဘဲ လက်ရှိအချိန်မှာ ရွေးကောက်ပွဲအပိုင်း(၁)ကျင်းပရန် ရက်ပေါင်း ၄၈ ရက်သာ လိုတော့တာ ဖြစ်ပါတယ်။ ပထမအကြိမ်မဲဆန္ဒရှင်စာရင်းကို ကြေညာထားပြီးဖြစ်သလို ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ် လောင်းများက မဲဆွယ်စည်းရုံးမှုများ စတင်လုပ်ဆောင်နေပြီဖြစ်ပါတယ်။(NVS 004)