ပုဂံရှေးဟောင်းသုတေသနပြတိုက်သို့ ပြည်တွင်းပြည်ပခရီးသွားဧည့်သည် ၂၇,၀၀၀ ကျော် ရှစ်လအတွင်းလာရောက်
11 Nov
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ပုဂံမြို့ဟောင်းရှိ ပုဂံရှေးဟောင်းသုတေသနပြတိုက်သို့ မတ်လမှ အောက်တိုဘာလအထိ ရှစ်လတာအတွင်း ပြည်တွင်းပြည်ပခရီးသွားဧည့်သည် ၂၇,၅၄၆ ဦး ဝင်ရောက်လေ့လာ ခဲ့ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနက(ပုဂံဌာနခွဲ)မှ သိရပါတယ်။ အဆိုပါခရီးသွားဧည့်သည်များထံမှ ပြတိုက်ဝင်ကြေးကောက်ခံရရှိမှုအနေနဲ့ ကျပ် ၂၉,၃၁၉,၀၀၀ ကောက်ခံ ရရှိခဲ့ပါတယ်။ ရှေးဟောင်းကျောက်စာများနှင့် ရှေးဟောင်းပစ္စည်းများကိုပြသရန် အာနန္ဒဘုရားမြောက်ဘက်မှာ ပြတိုက်အား တည်ဆောက်ပြီး ၁၉၀၄ ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။ နှစ်ပေါင်း ၆၀ ကျော်မှာ ရှေးဟောင်းပစ္စည်းများ စုဆောင်းရရှိမှု များပြားလာခြင်းကြောင့် ၁၆ ဧကကျယ်ဝန်းတဲ့ ပြတိုက်သစ်ကို ပုဂံမြို့ဟောင်းအတွင်း ကန်တော့ပလ္လင်ဘုရားတောင်ဘက်၌ ခေတ်မီပြတိုက်သစ်တစ်ခုကို ဆောက်လုပ်ပြီး ၁၉၇၉ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပါတယ်။ ပုဂံရှေးဟောင်းသုတေသနပြတိုက်ကို အပတ်စဉ် တနင်္လာနေ့နှင့် အများပြည်သူရုံးပိတ်ရက်များအပ နေ့စဉ်ဖွင့်လှစ်လျက်ရှိကြောင်း သိရပါတယ်။(NVS 004)