ရန်ကုန်ပညာရေးတက္ကသိုလ်တွင် ဘွဲ့လွန်အင်္ဂလိပ်စာ ဒီပလိုမာသင်တန်း ဖွင့်လှစ်မည်

11 Nov

ယခုနိုဝင်ဘာလအတွင်း ရန်ကုန်ပညာရေးတက္ကသိုလ်မှာ ဘွဲ့လွန်အင်္ဂလိပ်စာ ဒီပလိုမာသင်တန်း (Postgraduate Diploma in English)ကို နိုဝင်ဘာလ ၁၁ ရက်မှစတင်ပြီး အွန်လိုင်းမှ လျှောက်ထားနိုင်ပြီ ဖြစ်ကြောင်း သိရပါတယ်။ အဆိုပါသင်တန်းကို အသက် ၆၀ နှစ်အောက် ဘွဲ့ရရှိပြီးသူများ လျှောက်ထားနိုင်ပြီး ပညာရေးဝန်ကြီးဌာနရှိ ဆရာ/ဆရာမများနှင့် ဝန်ထမ်းများကို ဦးစားပေးမည်ဖြစ်ကာ အစိုးရဝန်ထမ်းဖြစ်ပါက သက်ဆိုင်ရာဌာန အကြီးအကဲ၏ ခွင့်ပြုချက်ပါရှိရမှာဖြစ်ပါတယ်။ သင်တန်းကာလကို Level (၅) ခု သတ်မှတ်ထားပြီး Level (၁) ခုကို (၁၀) ပတ်ကြာ တက်ရောက်ရမည်ဖြစ်ကာ Level (၅) ခုလုံး ပြီးဆုံးပါက Postgraduate Diploma in English (PGDip.Eng) ဒီပလိုမာလက်မှတ်ကို ရရှိမှာဖြစ်ပါတယ်။ အဆိုပါသင်တန်းကြေးမှာ Level တစ်ခုလျှင် (၈၀,၀၀၀) ကျပ်ဖြစ်ပြီး Elementary Level၊ Pre-Intermediate Level၊ Intermediate Level၊ Upper Intermediate Level နှင့် Advanced Level ဖြစ်ပါတယ်။ နိုဝင်ဘာလ ၂၂ ရက်မှာ စတင်ဖွင့်လှစ်မည်ဖြစ်ပြီး တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာ နံနက် ၇ နာရီမှ ၉ နာရီအထိ (သို့မဟုတ်) စနေ၊ တနင်္ဂနွေ နံနက် ၉ နာရီမှ နေ့လည် ၁၂ နာရီအထိ (သို့မဟုတ်) စနေ၊ တနင်္ဂနွေ နေ့လယ် ၁ နာရီမှ ညနေ ၄ နာရီအထိ အဆင်ပြေရာအချိန်ရွေးချယ်ပြီး ရန်ကုန်ပညာရေးတက္ကသိုလ်တွင် တက်ရောက်ရမှာဖြစ်ပါတယ်။ စိတ်ပါဝင်စားသူများက lms.yuoe.edu.mm မှတစ်ဆင့် နိုဝင်ဘာလ ၁၁ ရက်၊ နံနက် ၉ နာရီမှစတင်ကာ သတ်မှတ်လူဦးရေပြည့်သည်အထိ လျှောက်လွှာတင်နိုင်ပြီး ပညာရေးဝန်ထမ်းများသာ လျှောက်ထားနိုင်ရန် သီးခြား လျှောက်လွှာပုံစံကို ထည့်သွင်းထားကြောင်း သိရပါတယ်။ Online Booking အောင်မြင်သူများစာရင်းကို www.yuoe.edu.mm မှာ ကြေညာပေးမှာဖြစ်ပြီး လျှောက်လွှာ ပုံစံစစ်ဆေးရန်နှင့် ကျောင်းအပ်နှံရန် နိုဝင်ဘာလ ၁၃ ရက်မှာ ကျောင်းသားရေးရာဌာန၌ သွားရောက်လုပ်ဆောင်ရမှာဖြစ်ပါတယ်။(NVS 004)

11 Nov

ADVERTISE HERE .