ရန်ကုန်မြို့ရှိ သီလဝါဆိပ်ကမ်းသို့ ရုရှားစစ်ရေယာဉ် ၃ စင်း ရောက်ရှိ

11 Nov

တတိယအကြိမ် မြန်မာ-ရုရှားနှစ်နိုင်ငံ ရေကြောင်းလုံခြုံရေးဆိုင်ရာ လေ့ကျင့်ခန်းဆောင်ရွက်ရန်နှင့် ချစ်ကြည်ရေးခရီးလည်ပတ်ရန်အတွက် ရန်ကုန်မြို့ရှိ သီလဝါဆိပ်ကမ်းသို့ ရုရှားနိုင်ငံ၊ ရုရှားရေတပ် Pacific Fleet မှစစ်ရေယာဉ် ၃ စင်း နိုဝင်ဘာလ ၁၀ ရက်ညနေပိုင်းမှာ ဆိုက်ရောက်လာခဲ့ကြောင်း သိရပါတယ်။ ၎င်းစစ်ရေယာဉ်များမှာ ဖရီးဂိတ်စစ်ရေယာဉ် Marshal Shaposhnikov၊ ကော်ဗက်စစ်ရေယာဉ် Gremyashchiy နှင့် ထောက်ပံ့ရေးရေယာဉ် Boris Butoma တို့ ဆိုက်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။ အဆိုပါ စစ်ရေယာဉ်များကို တပ်မတော်(ရေ)မှ အရာရှိကြီးများ၊ အရာရှိ၊ စစ်သည်များ၊ မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီး ရောက်ရှိနေတဲ့ ရုရှားရေတပ်မှ ဒုတိယရေတပ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး Aleksei Anatolievich kilashko၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားစစ်သံမှူးနှင့် တာဝန်ရှိသူများက ကြိုဆိုခဲ့ကြကြောင်း သိရပါတယ်။ အဆိုပါစစ်ရေယာဉ်များမှာ အဖွဲ့ခေါင်းဆောင်အဖြစ် ရုရှားရေတပ် Pacific Fleet မှ Captain 1st Rank Ulyanenko Aleksey ဦးစီးကာ အရာရှိ၊ စစ်သည်များလိုက်ပါလာပြီး ၎င်းတို့က ခရီးစဉ်အတွင်းမှာ ရန်ကုန်မြို့ရှိ အထင်ကရနေရာများကို သွားရောက်လေ့လာလည်ပတ်ခြင်း၊ နှစ်နိုင်ငံချစ်ကြည်ရေး အားကစားပြိုင်ပွဲများ ပြုလုပ် ခြင်းနှင့် ဆိပ်ကမ်းအခြေပြုလေ့ကျင့်ခန်း (Harbour Phase)များကို ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရပါတယ်။(NVS 004)

11 Nov

ADVERTISE HERE .