ထိုင်းနိုင်ငံက ကမ္ဘောဒီးယားနှင့် ပူးတွဲငြိမ်းချမ်းရေး ကြေညာချက်ကို ရပ်ဆိုင်း

11 Nov

ထိုင်းနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို့ကြားရှိ နယ်စပ်တွင် မြေမြှုပ်မိုင်းတစ်လုံးပေါက်ကွဲမှုကြောင့် ထိုင်း စစ်သည်နှစ်ဦး ဒဏ်ရာရရှိပြီးနောက် ထိုင်းနိုင်ငံဝန်ကြီးချုပ် အာနူတင်ချိန် ဝီရာကူ က ကမ္ဘောဒီးယားနိုင်ငံနှင့်ရရှိ ထားသည့် ပူးတွဲငြိမ်းချမ်းရေးကြေညာချက်ကို ရပ်ဆိုင်းရန် နိုဝင်ဘာလ ၁၀ ရက်တွင် ညွှန်ကြားလိုက်ကြောင်း သိရ သည်။ ထိုင်းနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို့က အဆိုပါပူးတွဲငြိမ်းချမ်းရေး ကြေညာချက်ကို အောက်တိုဘာလ ၂၆ ရက်တွင် မလေးရှားနိုင်ငံ၌ကျင်းပသော အာဆီယံထိပ်သီးညီလာခံတွင် အလှည့်ကျအာဆီယံဥက္ကဋ္ဌဖြစ်သည့် မလေးရှားနိုင်ငံဝန်ကြီးချုပ် အန်နဝါ အီဘရာဟင် နှင့် အမေရိကန်နိုင်ငံသမ္မတ ဒေါ်နယ်ထရမ့် တို့ရှေ့မှောက်၌ လက်မှတ်ရေးထိုးထားခြင်းဖြစ်သည်။ တစ်ချိန်တည်းမှာပင် ထိုင်းနိုင်ငံက စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးထိန်းသိမ်းထားသည့် ကမ္ဘောဒီးယားစစ်သည်များ ကို ပြန်လည်လွှဲပြောင်းပေးအပ်မည့် အစီအစဉ်ကိုလည်း ဆိုင်းငံ့လိုက်ကြောင်း ထိုင်းဝန်ကြီးချုပ်က သတင်းထောက် များကို ပြောသည်။ ထိုင်းစစ်သည်နှစ်ဦးသည် ပုံမှန်အတိုင်းကင်းလှည့်နေစဉ် ပရီယာဗီဟီယာ ဘုရားကျောင်းအနီး သို့ရောက်ရှိစဉ် မြေမြှုပ်မိုင်းပေါက်ကွဲခြင်းဖြစ်ပြီး ဒဏ်ရာများအသီးသီးရရှိကာ စစ်သည်တစ်ဦးမှာ ခြေကျင်းဝတ်မှ ဖြတ်တောက်ရသည့် အခြေအနေအထိဖြစ်သွားကြောင်း ဆင်ဟွာသတင်းဌာန ဖော်ပြချက်အရသိရသည်။

11 Nov

ADVERTISE HERE .