အမေရိကန်အထက်လွှတ်တော်က အစိုးရအဖွဲ့လုပ်ငန်းရပ်ဆိုင်းနေမှု အဆုံးသတ်ရန် ကြိုတင်ငွေအသုံးပြုခွင့်ပေး
11 Nov
အမေရိကန်နိုင်ငံ၌ အစိုးရအဖွဲ့၏လုပ်ငန်းလည်ပတ်မှု ရပ်ဆိုင်းနေသည်မှာ ရက်ပေါင်း ၄၀ အတွင်းသို့ ရောက်ရှိလာချိန်တွင် ထိုကဲ့သို့ အစိုးရအဖွဲ့လုပ်ငန်းရပ်ဆိုင်းနေမှု အဆုံးသတ်စေရန်ရည်ရွယ်၍ အမေရိကန်အထက် လွှတ်တော်က အစိုးရအသုံးစရိတ်အတွက် ကြိုတင်ငွေအသုံးပြုခွင့်ပေးလိုက်ပြီဖြစ်ကြောင်း သိရသည်။ အထက် လွှတ်တော်သည် နိုဝင်ဘာလ ၉ ရက်ညပိုင်းတွင် ရီပတ်ဗလစ်ကန်နှင့် ဒီမိုကရက်တစ်တို့ သဘောတူထားသည့် အစိုးရအဖွဲ့အတွက် အသုံးစရိတ်ကိုသာ ကြိုတင်ငွေအဖြစ် သတ်မှတ်အသုံးပြုခွင့်ပေးသည့် ဆုံးဖြတ်ချက်ကို ထောက်ခံသည့် ၆၀ ရာခိုင်နှုန်းဖြင့် အတည်ပြုလိုက်ခြင်းဖြစ်သည်။ ယခုကဲ့သို့ ကြိုတင်ငွေအသုံးပြုခွင့်ပေးလိုက်ခြင်းကြောင့် အစိုးရအဖွဲ့ဝန်ကြီးဌာနများက လက်ရှိအသုံးပြု နေသည့် အသုံးစရိတ်နှုန်းထားအတိုင်း လာမည့်နှစ် ဇန်နဝါရီလ ၃၀ ရက်အထိ ဆက်လက်အသုံးပြုခွင့်ရရှိမည် ဖြစ်သည်။ ထို့ထက်ပို၍ စိုက်ပျိုးရေးဝန်ကြီးဌာန၊ စစ်မှုထမ်းဟောင်းရေးရာဝန်ကြီးဌာန၊ စစ်ဘက်ဆိုင်ရာ တည်ဆောက်ရေးစီမံကိန်းများနှင့် လွှတ်တော်နှစ်ရပ်စလုံး လုပ်ငန်းလည်ပတ်မှုအတွက် အသုံးစရိတ်တို့ကိုမူ ဘဏ္ဍာနှစ်တစ်နှစ်စာ ခွင့်ပြုပေးထားသည်။ ယခုဖြစ်ပွားသည့် အစိုးရအဖွဲ့လုပ်ငန်းလည်ပတ်မှုက အမေရိကန် သမိုင်းတစ်လျှောက် အရှည်ကြာဆုံးအဖြစ် စံချိန်တင်ခဲ့သည်ဟု ဆင်ဟွာသတင်းဌာန ဖော်ပြချက်အရ သိရသည်။