ကူကူရယ်လာ ကို ခေါ်ယူပေးရန် အယ်လ်နာဆာအသင်းကို တောင်းဆိုထားတဲ့ စီရော်နယ်လ်ဒို
09 Nov
အယ်လ်နာဆာအသင်းခေါင်းဆောင် စီရော်နယ်လ်ဒို က ချဲလ်ဆီးအသင်းနောက်ခံလူ ကူကူရယ်လာ ကို ခေါ်ယူပေးရန် တောင်းဆိုထားကြောင်း သိရပါတယ်။ အယ်လ်နာဆာအသင်းဟာ ယခုနှစ်မှာ ထိပ်တန်းကစားသမားများကို ထပ်မံခေါ်ယူအားဖြည့်ရန် စီစဉ်နေခြင်းဖြစ်ကာ ကူကူရယ်လာ အား ခေါ်ယူရန် ပြင်ဆင်လာခြင်းဖြစ်ပါတယ်။ အသက် ၂၇ နှစ်အရွယ် ကူကူရယ်လာ အနေနဲ့ ချဲလ်ဆီးအသင်းကို ရောက်ရှိခါစက ရုန်းကန်ခဲ့ရသော်လည်း လက်ရှိမှာ အသင်းအတွက် အမာခံကစားသမားတစ်ဦးအဖြစ် ခြေစွမ်းပြနိုင်ခဲ့လို့ ချဲလ်ဆီးအသင်းက ရောင်းထုတ်ဖွယ်မရှိကြောင်း သုံးသပ်မှုများ ရှိနေပါတယ်။ သို့သော် အယ်လ်နာဆာအသင်းက မက်မောလောက်တဲ့ လစာနှုန်းထားဖြင့် ပြောင်းရွှေ့ကြေးပေးပြီး ကမ်းလှမ်းခဲ့ပါက ခေါ်ယူနိုင်လိမ့်မယ်လို့ ယုံကြည်နေကြောင်း သိရပါတယ်။(NVS 008)
09 Nov