အေဂျက်စ်အသင်းက နည်းပြ ဟိုက်တင်ဂါ ကို နည်းပြရာထူးမှထုတ်ပယ်
09 Nov
အေဂျက်စ်အသင်းက အသင်းရလဒ်များ ဆိုးရွားနေခြင်းကြောင့် နည်းပြ ဟိုက်တင်ဂါ ကို ရာထူးမှထုတ်ပယ် ခဲ့ကြောင်း အတည်ပြုထုတ်ပြန်ကြေညာခဲ့ပါတယ်။ အေဂျက်စ်အသင်းဟာ ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် ဂါလာတာစာရေးအသင်းကို သုံးဂိုး၊ ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့ ပြီးနောက် နည်းပြ ဟိုက်တင်ဂါ ကို ရာထူးမှ ထုတ်ပယ်ခဲ့ခြင်းဖြစ်ပါတယ်။ နည်းပြ ဟိုက်တင်ဂါ အနေနဲ့ အေဂျက်စ်အသင်းကို ၂ဝ၂၅ ခုနှစ် မေလ ၃၁ ရက်မှာ စတင်ကိုင်တွယ်ခဲ့ပြီး ပြိုင်ပွဲ ၁၅ ပွဲတွင် ငါးပွဲနိုင်၊ ငါးပွဲသရေနဲ့ ငါးပွဲရှုံးရလဒ်ကို ရရှိခဲ့တာဖြစ်ပါတယ်။ အေဂျက်စ်အသင်းက နည်းပြ ဟိုက်တင်ဂါ ကို ရာထူးမှ ထုတ်ပယ်လိုက်ပြီဖြစ်ကြောင်းနဲ့ နည်းပြသစ်တစ်ဦးကို အမြန်ဆုံးရှာဖွေခန့် အပ်သွားမှာဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။(NVS 008)
09 Nov