ပီအက်စ်ဂျီအသင်းက အဲရစ်ဂါစီယာ ကိုခေါ်ယူရန် စိတ်ဝင်စား
09 Nov
ပီအက်စ်ဂျီအသင်းက ဘာစီလိုနာအသင်း နောက်ခံကစားသမား အဲရစ်ဂါစီယာ ကိုခေါ်ယူရန် စိတ်ဝင်စားလျက် ရှိကြောင်းသိရပါတယ်။ အသက် ၂၄ နှစ်ရှိ နောက်ခံကစားသမား အဲရစ်ဂါစီယာ ဟာ ဘာစီလိုနာအသင်းနှင့်အတူ ၂၀၂၁-၂၀၂၂ ရာသီမှ လက်ရှိဘောလုံးရာသီအထိ ပြိုင်ပွဲစုံ ၁၂၈ ပွဲကစားပြီး ခုနစ်ဂိုးသွင်းယူကာ ခြေစွမ်းပြနိုင်ခဲ့ခြင်းကြောင့် ပီအက်စ်ဂျီ အသင်းက ခေါ်ယူရန် စိတ်ဝင်စားလာခြင်းဖြစ်ပါတယ်။ အဲရစ်ဂါစီယာ ကိုယ်တိုင်ကလည်း နောက်ခံကစားသမား လက်ရှိတွင် ဘာစီလိုနာအသင်းနဲ့ အဆင်မပြေ ဖြစ်နေခြင်းကြောင့် အသင်းမှ ထွက်ခွာချင်နေတာဖြစ်ပါတယ်။ ဒါကြောင့် ပီအက်စ်ဂျီအသင်းက လာမည့်ဆောင်းရာသီဈေးကွက်အတွင်း အဲရစ်ဂါစီယာ ကို ခေါ်ယူနိုင်မလား ဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။(NVS 008)
09 Nov