ပရီးမီးယားလိဂ်အကောင်းဆုံး တိုက်စစ်မှူး ၁၀ ဦး စာရင်းတွင် လီဗာပူးလ်အသင်းမှ ကစားသမားလေးဦးထိပါဝင်
09 Nov
ပရီးမီးယားလိဂ်အကောင်းဆုံး တိုက်စစ်ကစားသမား ၁၀ ဦးစာရင်း ကို sports illustrated က ထုတ်ပြန်ခဲ့ရာ လီဗာပူးလ်အသင်းမှ ကစားသမားလေးဦးထိ ပါဝင်ခဲ့ကြောင်း သိရပါတယ်။ အဆိုပါ ကစားသမားစာရင်းတွင် မန်စီးတီးအသင်းမှ တိုက်စစ်မှူး ဟာလန်း က အဆင့်(၁)နေရာတွင် ရပ်တည် နေသော်လည်း လီဗာပူးလ်အသင်းမှ တိုက်စစ်မှူးများဖြစ်တဲ့ ဆာလတ်၊ အစ်ဆက်ခ်၊ ဂတ်ပို၊ အီကီတီကီ တို့ လေးဦး အထိ ထိပ်ဆုံး ၁၀ ဦးစာရင်းမှာ ပါဝင်လာခဲ့ပါတယ်။ လက်ရှိတွင် တိုက်စစ်အကောင်းဆုံး ၁၀ ဦး စာရင်း၌ မန်စီးတီးအသင်းမှ တိုက်စစ်မှူး ဟာလန်း က အဆင့်(၁)၊ လီဗာပူးလ်အသင်းမှ တိုက်စစ်မှူး ဆာလတ် က အဆင့်(၂)၊ အာဆင်နယ်အသင်း တိုက်စစ်မှူး ဆာကာ က အဆင့်(၃)၊ လီဗာပူးလ်အသင်း တိုက်စစ်မှူး အစ်ဆက်ခ် က အဆင့်(၄)၊ မန်ယူအသင်းတိုက်စစ်မှူး အမ်ဘူမို က အဆင့်(၅)၊ အာဆင်နယ်အသင်းတိုက်စစ်မှူး ဂိုကာရက်ဇ် က အဆင့်(၆)၊ လီဗာပူးလ်အသင်းတိုက်စစ်မှူး ဂတ်ပို က အဆင့်(၇)၊ မန်စီးတီးအသင်းတိုက်စစ်မှူး မာမွတ်က အဆင့်(၈)၊ ဘုန်းမောက်အသင်းတိုက်စစ်မှူး ဆီမီညို က အဆင့်(၉)၊ လီဗာပူးလ်အသင်းတိုက်စစ်မှူး အီကီတီကီ တို့က အဆင့်(၁၀)အဖြစ် အသီးသီးရပ်တည်နေပါတယ်။(NVS 008)