အသက် ၂၀ နှစ်အောက်ကစားသမားများတွင် ဈေးကွက်တန်ကြေးအမြင့်ဆုံး ကစားသမားအဖြစ် လမိုင်းယာမယ် ထိပ်ဆုံး၌ရပ်တည်

09 Nov

CIES စစ်တမ်းကောက်ဖော်ပြချက်အရ အသက် ၂၀ နှစ်အောက် ကစားသမားများတွင် ဈေးကွက်တန်ကြေး အမြင့်ဆုံးကစားသမားအဖြစ် ဘာစီလိုနာအသင်းမှ လူငယ်တိုက်စစ်ကစားသမား လမိုင်းယာမယ် က ထိပ်ဆုံး၌ ရပ်တည်နိုင်ခဲ့ကြောင်း သိရပါတယ်။ CIES က ဈေးကွက်တန်ကြေးကို တွက်ချက်ရာတွင် ကစားသမားများရဲ့ ခြေစွမ်းပြသနိုင်မှု၊ ကလပ်အသင်းများနှင့် စာချုပ်သက်တမ်းကျန်ရှိမှု၊ အသင်းအတွက် အရေးပါမှုများကို အခြေခံပြီး တွက်ချက်ခဲ့ခြင်းဖြစ်ပါတယ်။ လမိုင်းယာမယ် အနေနဲ့ နောက်ပိုင်းနှစ်များ၌ ဘာစီလိုနာအသင်းတွင်သာမက စပိန်အသင်းတွင်ပါ အရေးပါသည့် ကစားသမားတစ်ဦး အဖြစ် ခြေစွမ်းပြသနိုင်ခဲ့ပြီး ပြီးခဲ့တဲ့ဘောလုံးရာသီက ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုအတွက် အဆင့်သတ်မှတ်ချက်တွင်လည်း ဒုတိယနေရာ၌ ရပ်တည်နိုင်ခဲ့တဲ့အထိ ခြေစွမ်းပြသနိုင်ခဲ့သူ ဖြစ်ပါတယ်။ CIES ရဲ့ စစ်တမ်းကောက်ဖော်ပြချက်အရ အသက် ၂၀ နှစ် အောက် ကစားသမားများတွင် ဈေးကွက်တန်ကြေး အများဆုံး ကစားသမားစာရင်း၌ လမိုင်းယာမယ် က ယူရိုသန်း ၃၅၀ ဖြင့် ထိပ်ဆုံးတွင် ရပ်တည်နိုင်ခဲ့ခြင်းဖြစ်ပါတယ်။ လမိုင်းယာမယ် ရဲ့နောက်တွင် ချဲလ်ဆီးအသင်းမှ အက်စ်တီဗာအို က ယူရို ၁၁၈ သန်း၊ ဘာစီလိုနာအသင်းမှ ကျူဘာစီ က ၁၁၃ သန်း တို့က ထိပ်ဆုံးသုံးဦးနေရာ၌ ရပ်တည်နိုင်ခဲ့ကြောင်း သိရပါတယ်။ (NVS 008)

09 Nov

ADVERTISE HERE .