အသက် ၁၅ နှစ်အောက်ကလေးများကို လူမှုမီဒီယာ သုံးစွဲမှုပိတ်ပင်ရန် ဒိန်းမတ်အစိုးရစီစဉ်

09 Nov

အသက် ၁၅ နှစ်အောက် ကလေးများ လူမှုမီဒီယာသုံးစွဲမှုပိတ်ပင်ရန် စီစဉ်ထားကြောင်း ဒိန်းမတ်အစိုးရက နိုဝင်ဘာလ ၇ ရက်တွင် သတင်းထုတ်ပြန်ထားသည်။ ကလေးငယ်များ လူမှုမီဒီယာသုံးစွဲမှုကိုကန့်သတ်ရန် ဒိန်းမတ်ဝန်ကြီးချုပ် မက်တီဖရက်ဒရစ်ဆင် က ပြီးခဲ့သည့်လအတွင်း တိုက်တွန်းခဲ့ပြီးနောက် အသက် ၁၅ နှစ်အောက်ကလေးများ လူမှုမီဒီယာသုံးစွဲမှုကို ပိတ်ပင်ရန် ဒိန်းမတ်အစိုးရက စီစဉ်ထားခြင်းဖြစ်သည်။ အသက် ၁၅ နှစ်အောက်ကလေးများ လူမှုမီဒီယာသုံးစွဲမှု ပိတ်ပင် ရေးအစီအစဉ်ကို ဒိန်းမတ်လွှတ်တော်အတွင်းရှိ နိုင်ငံရေးပါတီအများစုက သဘောတူထားကြောင်း ဒိန်းမတ် ဒစ်ဂျစ်တယ် နည်းပညာဝန်ကြီးဌာန ဝန်ကြီး ကာရိုလင်း စတာဂီအော်လ်ဆန် က သတင်းထုတ်ပြန်ထားသည်။ လူမှုမီဒီယာများကို အလွန်အကျွံသုံးစွဲမှုကြောင့် ကလေးများ၏ စိတ်ကျန်းမာရေးအပေါ် ဆိုးကျိုး သက်ရောက်မှုရှိလာမည့်အရေးကို ဒိန်းမတ်အစိုးရက စိုးရိမ်နေကြောင်း သိရသည်။ ဒိန်းမတ်ကလေးငယ်များ သုံးစွဲမှုအများဆုံး လူမှုမီဒီယာများထဲတွင် Youtube၊ Instagram၊ Tik Tok၊ Snapchat တို့လည်း ပါဝင်နေသည်။ လူမှုမီဒီယာများသည် ဒိန်းမတ်ကလေးငယ်များ၏ အချိန်၊ ကလေးဘဝနှင့် ကျန်းမာရေးတို့ကို ဖျက်ဆီး နေကြောင်း ဒိန်းမတ်ဒစ်ဂျစ်တယ် နည်းပညာဝန်ကြီးက ပြောကြားခဲ့သည်။

09 Nov

ADVERTISE HERE .