“ကြွက်သားဒဏ်ရာရရှိနေတဲ့ ချူအာမန်နီ ၃ ပတ်ဝန်းကျင် အနားယူရမည်”
08 Nov
ပြင်သစ်လက်ရွေးစင် ကွင်းလယ်ခံစစ်ကစားသမား ချူအာမန်နီ ဟာ ကြွက်သားဒဏ်ရာရရှိနေတာကြောင့် ၃ ပတ် ဝန်းကျင်အနားယူရမယ်လို့ ရီးရဲလ်အသင်းက အတည်ပြုကြေညာခဲ့ပါတယ်။ ချူအာမန်နီ ဟာ လီဗာပူးလ်အသင်းကို ရှုံးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ပွဲချိန်ပြည့်ပါဝင်ကစားခဲ့ပေမယ့် ဘယ်ဘက်ပေါင်မှာ ကြွက်သားဒဏ်ရာ ရရှိနေခြင်းဖြစ်ကြောင်း သိရပါတယ်။ ဆေးအဖွဲ့ရဲ့ စမ်းသပ်စစ်ဆေးမှုအရ အနားယူဖို့လိုအပ်ကြောင်း တွေ့ရှိခဲ့တာကြောင့် ၃ ပတ်ဝန်းကျင် အနားပေးသွားမယ်လို့ ရီးရဲလ်အသင်းက အတည်ပြု ခဲ့ပါတယ်။ ချူအာမန်နီ ဟာ ဒဏ်ရာပြဿနာကြောင့် နိုဝင်ဘာလအတွင်း ယှဉ်ပြိုင်ကစားရမယ့် ပြင်သစ် အသင်းရဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲတွေကိုလည်း လွဲချော်ရမှာ ဖြစ်ပါတယ်။ (NVS 008)
08 Nov