“မက်ဆီကို ၄ လအငှားနဲ့ ခေါ်ယူဖို့ ချိန်ရွယ်နေတဲ့ ဂါလာတာစာရေးအသင်း”

08 Nov

ဂါလာတာစာရေးအသင်း ဟာ အင်တာမိုင်ယာမီတိုက်စစ်မှူး မက်ဆီ ကို ၄ လအငှားနဲ့ ခေါ်ယူဖို့ ချိန်ရွယ် နေကြောင်း သိရပါတယ်။ အင်တာမိုင်ယာမီအသင်းဟာ မေဂျာလိဂ်ပြိုင်ပွဲမှာ ပုံမှန်ရာသီ ပြီးဆုံးသွားပြီဖြစ်ပြီး ရာသီသစ်က လာမယ့်နှစ် မတ်လဝန်းကျင်ရောက်မှ ပြန်လည်စတင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် အာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီ က ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်ခင် ပွဲစဉ်များ အဆက်မပြတ်ယှဉ်ပြိုင် ကစားခွင့်ရရှိစေဖို့အတွက် ဆော်ဒီလိဂ်မှာ သွားရောက်ကစားဖို့ စိတ်ကူးခဲ့ကြောင်း ပြီးခဲ့တဲ့ရက်သတ္တပတ်အတွင်း သတင်းများထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။ အခုအခါ ဂါလာတာစာရေးအသင်းက မက်ဆီ စိတ်ကူးထားတဲ့အတိုင်း ၄ လတာအငှားစာချုပ်နဲ့ ခေါ်ယူဖို့ ချိန်ရွယ်လာခြင်းဖြစ်ကြောင်း သိရပါတယ်။ ဂါလာတာစာရေးအသင်းက မက်ဆီကို မကြာခင် တရားဝင်ကမ်းလှမ်းဖို့ စီစဉ်နေပြီး အင်တာမိုင်ယာမီအသင်းမှာ တစ်နှစ်တာအတွက် လစာပေါင် ၁၅ သန်းရရှိနေတဲ့ မက်ဆီကို ၄ လတာ အတွက် ၎င်းနှုန်းထားအတိုင်း ပေးချေသွားဖို့ အသင့်ရှိနေပါတယ်။ ဂါလာတာစာရေးအသင်းဟာ လက်ရှိအချိန်မှာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ နိုင်ပွဲဆက်နေတဲ့အသင်းဖြစ်ပါတယ်။ (NVS 008)

08 Nov

ADVERTISE HERE .