“ပရီးမီးယားလိဂ်တစ်လတာ အကောင်းဆုံးဆုတွေကို တစ်ပြိုင်နက်ဆွတ်ခူးခဲ့တဲ့ အာမိုရင်မ်နဲ့ အမ်ဘူမို”

08 Nov

မန်ယူအသင်းက နည်းပြ အာမိုရင်မ်နဲ့ တိုက်စစ်ကစားသမား အမ်ဘူမို တို့ဟာ အောက်တိုဘာလအတွက် ပရီးမီးယားလိဂ်အကောင်းဆုံးနည်းပြဆုနဲ့ ကစားသမားဆုတွေကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ၂၀၂၃ ခုနှစ် နိုဝင်ဘာလမှာ မက်ဂွဲယား၊ တန်ဟက်ဂ်နဲ့ ဂါနာချိုတို့က ကစားသမားဆု၊ နည်းပြဆုနဲ့ အကောင်းဆုံးသွင်းဂိုးဆုတွေ တစ်ပြိုင်နက် ဆွတ်ခူးပြီးတဲ့နောက်ပိုင်း တစ်လတာအကောင်းဆုံးဆုများအား နှစ်ခုနဲ့ အထက်ကို ပထမဆုံးအကြိမ်အဖြစ် ပြန်လည်ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ နည်းပြ အာမိုရင်မ် က မန်ယူအသင်းကို တစ်နှစ်နီးပါးကြာမှ သူ့လက်ထက် ပထမဆုံးအဖြစ် အောက်တိုဘာလ အတွင်း ပရီးမီးယားလိဂ် သုံးပွဲစလုံး အနိုင်ရအောင် စွမ်းဆောင်ပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။ အာမိုရင်မ် အနေနဲ့ တစ်လတာအကောင်းဆုံးနည်းပြဆုကို ရရှိခဲ့တဲ့ ခြောက်ဦးမြောက် ပေါ်တူဂီလူမျိုးနည်းပြ ဖြစ်လာခဲ့ပါတယ်။ အမ်ဘူမို ကတော့ အောက်တိုဘာလမှာ ပရီးမီးယားလိဂ် သုံးပွဲကစား သုံးဂိုးသွင်း၊ တစ်ဂိုးဖန်တီးပေးခဲ့ပါတယ်။ (NVS 008)

08 Nov

ADVERTISE HERE .