“ဘယ်လင်ဂမ်၊ ဖိုဒန် တို့ကို ပြန်လည်ရွေးချယ်မှုအပေါ် ရှင်းလင်းခဲ့တဲ့ တူချဲလ်”

08 Nov

အင်္ဂလန်လက်ရွေးစင်အသင်းနည်းပြ သောမတ်စ်တူချဲလ် က ရီးရဲလ်အသင်းက ဘယ်လင်ဂမ်၊ မန်စီးတီး အသင်းက ဖိုဒန် တို့ကို ပြန်လည်ရွေးချယ်မှုအပေါ် ရှင်းလင်းပြောကြားခဲ့ပါတယ်။ တူချဲလ် က သက်ဆိုင်ရာကလပ်အသင်းတွေမှာ အတိုင်းထက်အလွန် ခြေစွမ်းပြနေလို့ ဘယ်လင်ဂမ်၊ ဖိုဒန် တို့ကို ပြန်လည်ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။ ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်ပြီးသား အင်္ဂလန်အသင်းဟာ အခုနိုင်ငံတကာ ရက်သတ္တပတ်မှာ ဆားဘီးယား၊ အယ်လ်ဘေးနီးယားအသင်းတွေနဲ့ ကစားရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် တူချဲလ် က ပထမဆုံးအကြိမ် ရွေးချယ်ခဲ့တဲ့ ဘုန်းမောက်ကွင်းလယ်လူ အဲလက်စ်စကော့ ကိုလည်း အင်္ဂလန်အသင်းနဲ့ ထိုက်တန်တယ်လို့ မှတ်ချက်ပြုခဲ့ပါတယ်။ (NVS 008)

08 Nov

ADVERTISE HERE .