“ONE Friday Fights 132 ပြိုင်ပွဲမှာ စိုးနောင်ဦးနှင့် ဘရော်နီကာ တို့အနိုင်ရပြီး သန့်ဇင် ထပ်မံရှုံးနိမ့်”
08 Nov
နိုဝင်ဘာလ ၇ ရက်ညပိုင်းက ကျင်းပခဲ့တဲ့ ONE Friday Fights 132 ပြိုင်ပွဲမှာ မြန်မာဖိုက်တာများဖြစ်တဲ့ စိုးနောင်ဦးနှင့် ဘရော်နီကာ တို့က ဒိုင်ပေးမှတ်များနဲ့ အနိုင်ရခဲ့ပြီး ပရိသတ်များမျှော်လင့်နေကြတဲ့ သန့်ဇင် ကတော့ ထပ်မံရှုံးနိမ့်ခဲ့ပါတယ်။ ONE Friday Fights 132 အစောပိုင်းပွဲတစ်ပွဲ ဖြစ်တဲ့ စိုးနောင်ဦး ဟာ ထိုင်းဖိုက်တာ မိုင်ဆန်ဂျရင်းနဲ့ ထိုးသတ်ခဲ့တာဖြစ်ပြီး ၃ ချီထိုးသတ်ပြီးနောက် ဒိုင် ၃ ဦးစလုံးရဲ့ အမှတ်ပေးမှုနဲ့ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ အသက် ၂၄ နှစ်ရှိပြီဖြစ်တဲ့ စိုးနောင်ဦးဟာ ONE မှာ ဒုတိယမြောက်ပွဲ ထိုးသတ်တာဖြစ်ပြီး ပထမဆုံးနိုင်ပွဲရရှိခဲ့ပါတယ်။ မြန်မာဖိုက်တာ သန့်ဇင် ကတော့ ရမှတ်ဆုံးဖြတ်ရယူရာမှာ ဒိုင်သုံးဦးစလုံးရဲ့ ဆုံးဖြတ်ချက်နဲ့ အရေးနိမ့်ခဲ့တာ ဖြစ်ပါတယ်။ သန့်ဇင်ဟာ ONE ပြိုင်ပွဲမှာ ပထမဆုံးနှစ်ပွဲဆက် အနိုင်ရခဲ့ပေမယ့် နောက်ဆုံးလေးပွဲဆက် ရှုံးနိမ့်ခဲ့ခြင်း ဖြစ်ပါတယ်။ ဆက်လက်ပြီး ONE Friday Fights 132 ပြိုင်ပွဲရဲ့ ဒုတိယခေါင်တွဲဆိုင်းအဖြစ်ယှဉ်ပြိုင်ခဲ့ရတဲ့ ဘရော်နီကာ ကတော့ ပြိုင်ဘက် တရုတ်ဖိုက်တာ လီ ကိုအမှတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။ (NVS 008)