“လာအိုနိုင်ငံ၊ ဗီယင်ကျန်းမြို့မှာ မြန်မာသံရုံးအသစ်ဆောက်လုပ်ရန် ပန္နက်တော်တင်အခမ်းအနားကျင်းပ”

08 Nov

လာအိုနိုင်ငံ၊ ဗီယင်ကျန်းမြို့မှာ မြန်မာသံရုံးအသစ်ဆောက်လုပ်ရန် ပန္နက်တော်တင်ခြင်းကို နိုဝင်ဘာ ၆ ရက် နံနက် ၉ နာရီကကျင်းပရာ ဗီယင်ကျန်းမြို့ရှိ Vat Sri Amphone ဘုန်းတော်ကြီးကျောင်းမှ ဆရာတော် Ven Noy Sungvaro က အန္တရာယ်ကင်းပရိတ်ရွက်ဖတ်ခြင်း၊ ပရိတ်ရေစင်ဖြန်း၍ ဆုတောင်းမေတ္တာပို့သခြင်းများ ပြုလုပ်ပေး ခဲ့ပါတယ်။ ထို့အတူ မြန်မာသံအမတ်ကြီး ဦးအောင်ကို၊ လာအိုနိုင်ငံခြားရေးဝန်ကြီးဌာန၊ Diplomatic Service Bureau မှ ညွှန်ကြားရေးမှူးချုပ်၊ ပြည်သူ့ဆောက်လုပ်ရေးနှင့် သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာန၊ မြိုပြနှင့် အိုးအိမ်စီမံခန့်ခွဲမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး၊ မြန်မာစစ်သံမှူး (ကြည်း၊ရေ၊လေ) ဗိုလ်မှူးချုပ်ခင်မောင်စိုးနှင့် ဆောက်လုပ်ရေးကုမ္ပဏီ Misouk Construction & Decoration Sole Co., Ltd ဥက္ကဋ္ဌတို့က ပန္နက်တင်မင်္ဂလာအခမ်းအနားကို ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့ကြပါတယ်။ ဗီယင်ကျန်းမြို့ရှိ ၃ ထပ် မြန်မာသံရုံးအဆောက်အအုံအသစ်နှင့်အတူ အထပ် ၄ ထပ်ရှိ သံရုံးဝန်ထမ်းအိမ်ရာအသစ်ကို ဆောက်လုပ်သွားမှာဖြစ်လို့ ပန္နက်တော်တင်ခြင်းကို တစ်ဆက်တည်းပြုလုပ်ခဲ့ပါတယ်။ (NVS 004)

08 Nov

ADVERTISE HERE .