“၃ ပတ်ကနေ ၅ ပတ်ခန့်အထိ နားယူရဖွယ်ရှိနေတဲ့ ဟာကီမီ”

07 Nov

ဘိုင်ယန်မြူးနစ်အသင်းကို ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ ခြေကျင်းဝတ်ဒဏ်ရာရခဲ့တဲ့ ညာနောက်ခံလူ ဟာကီမီ အနေနဲ့ ၃ပတ်ကနေ ၅ ပတ်လောက်အထိ နားရမှာဖြစ်တယ်လို့ သိရပါတယ်။ ဟာကီမီ ရဲ့ ဒဏ်ရာအခြေအနေကို နောက်ထပ်စစ်ဆေးမှုတွေ ပြုလုပ်ပြီးတော့မှ အနားယူရမယ့် ကာလကို တွက်ချက်နိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ချန်ပီယံလိပ်ပွဲစဉ်မှာ ဟာကီမီ ဟာ ဘိုင်ယန်မြူးနစ်အသင်း ကစားသမား ဒီယက်ဇ် ရဲ့ ကြမ်းတမ်းတဲ့ ဖျက်ထုတ်မှုကြောင့် ဒဏ်ရာရခဲ့တာဖြစ်ပြီး ပထမပိုင်းမပြီးခင်မှာပဲ လူစားလဲ ခဲ့ရတာ ဖြစ်ပါတယ်။ ဒီယက်ဇ် ကလည်း အခုလိုကြမ်းတမ်းတဲ့ဖျက်ထုတ်မှုအတွက် တိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရပါတယ်။ ဟာကီမီ ရဲ့ ခြေကျင်းဝတ်မှာ ဒဏ်ရာရခဲ့တဲ့သတင်းကို ပီအက်စ်ဂျီအသင်း အတည်ပြုခဲ့ ပေမယ့် အနားယူရမယ့် ကာလကိုတော့ တရားဝင်ဖော်ပြခြင်း မရှိသေးပါဘူး။ (NVS 008)

07 Nov

ADVERTISE HERE .