“ပြိုင်ပွဲစုံ ၈ ပွဲဆက် ပေးဂိုးမရှိတဲ့ စံချိန်ဟောင်းကို လိုက်မီခဲ့တဲ့ အာဆင်နယ်အသင်း”
07 Nov
အာဆင်နယ်အသင်းဟာ ပြိုင်ပွဲစုံ ၈ ပွဲဆက် ပေးဂိုးမရှိနိုင်ပွဲရခဲ့တာကြောင့် ၁၉၀၃ ခုနှစ်က စွမ်းဆောင်ခဲ့တဲ့ အသင်းရဲ့ စံချိန်ဟောင်းကို လိုက်မီခဲ့ကြောင်း ဗြိတိန်မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။ အာဆင်နယ်အသင်းဟာ နောက်ဆုံးယှဉ်ပြိုင်ခဲ့တဲ့ ပြိုင်ပွဲစုံ ၁၀ ပွဲဆက် အနိုင်ရရှိခဲ့တဲ့အနက် နယူးကာဆယ် အသင်းနဲ့တစ်ပွဲသာ ဂိုးပေးခဲ့ရသလို၊ နောက်ဆုံး ၈ ပွဲဆက်တိုက် ဂိုးမပေးရဘဲ Clean Sheet ရလဒ်တွေနဲ့ အနိုင်ရရှိခဲ့ဖြစ်ပြီး သွင်းဂိုး ၁၇ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ အာဆင်နယ်အသင်းဟာ အင်္ဂလန်ဒုတိယတန်းမှာ ယှဉ်ပြိုင် ကစားစဉ် ၁၉၀၃ ခုနှစ်တုန်းက ၁၉၀၂-၀၃ နဲ့ ၁၉၀၃-၀၄ နှစ်ရာသီဆက် ဂိုးမပေးရဘဲ ၈ ပွဲဆက်အနိုင်ရရှိခဲ့ဖူးတာကြောင့် အဲဒီစံချိန်ကို လိုက်မီသွားခဲ့ခြင်း ဖြစ်ပါတယ်။ (NVS 008)
07 Nov