“ချန်ပီယံလိဂ်ပွဲစဉ် (၄)ရဲ့ အကောင်းဆုံးကစားသမားဆုကို ရရှိခဲ့တဲ့ ဖိုဒန်”
07 Nov
မန်စီးတီးအသင်း တိုက်စစ်ကစားသမား ဖိုဒန် ဟာ ချန်ပီယံလိဂ်ပွဲစဉ်(၄)ရဲ့ အကောင်းဆုံးကစားသမားဆုကို ရရှိခဲ့ကြောင်း သိရပါတယ်။ ဖိုဒန် ဟာ ဒေါ့မွန်အသင်းနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်(၄)မှာ ၂ ဂိုးသွင်းယူပြီး ခြေစွမ်းပြခဲ့တာကြောင့် ရွေးချယ်ခံခဲ့ရတာ ဖြစ်ပါတယ်။ အဆိုပါဆုအတွက် ဆန်ခါတင် ၄ ဦးစာရင်းမှာ ဖိုဒန် နဲ့အတူ ဂါလာတာစာရေး တိုက်စစ်မှူး အိုဆီမန်၊ ကလပ်ဘရုဂေးတောင်ပံကစားသမား ကားလို့စ်ဖော့ဘ်စ်နဲ့ အာဆင်နယ်တိုက်စစ်ကစားသမား မယ်ရီနိုတို့ ပါဝင်ခဲ့ပြီး ဟက်ထရစ်သွင်းယူခဲ့တဲ့ အိုဆီမန် ကို ကျော်ဖြတ်ကာ ဖိုဒန် ရွေးချယ်ခံခဲ့ရတဲ့အတွက် ဂါလာတာစာရေးပရိသတ်တချို့ကတော့ မေးခွန်းထုတ်ခဲ့ကြပါတယ်။ အခုရာသီ ချန်ပီယံလိဂ်ပွဲစဉ်အလိုက် အကောင်းဆုံးဆုတွေကို ပွဲစဉ်(၁)မှာ ဘာစီလိုနာတိုက်စစ်ကစားသမား ရပ်ရှ်ဖို့ဒ်၊ ပွဲစဉ်(၂)မှာ ရီးယဲလ်တိုက်စစ်မှူး ဘာပေ၊ ပွဲစဉ်(၃)မှာ ဘာစီလိုနာတောင်ပံကစားသမား ဖာမင်လိုပက်ဇ် တို့ ရရှိခဲ့ပါတယ်။ (NVS 008)