“၂၀၂၅ ခုနှစ် FIFA The Best ဆုအတွက် ဆန်ခါတင်စာရင်းများ ထုတ်ပြန်”

07 Nov

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA)ဟာ ၂၀၂၅ ခုနှစ် FIFA The Best ဆုအတွက် ဆန်ခါတင်စာရင်းတွေကို ထုတ်ပြန်လိုက်ကြောင်း သိရပါတယ်။ The Best အကောင်းဆုံးအမျိုးသားကစားသမားဆုအတွက် ဆန်ခါတင် ၁၁ ဦးစာရင်းမှာ ဒမ်ဘီလီ၊ ဟာကီမီ၊ ဟာရီကိန်း၊ ဘာပေ၊ မန်ဒက်စ်၊ ပါလ်မာ၊ ပတ်ဒရီ၊ ရာဖင်ညာ၊ ဆာလာ၊ ဗီတင်ညာနဲ့ ယာမာယ်တို့ ပါဝင်ခဲ့ပါတယ်။ The Best အကောင်းဆုံးအမျိုးသားနည်းပြဆုအတွက် ဆန်ခါတင် ၇ ဦးစာရင်းမှာ အဂွီရီး၊ အာတေတာ၊ အင်နရီကေး၊ ဟန်ဆီဖလစ်ခ်၊ မာရက်စကာ၊ မာတီနက်ဇ်နဲ့ အာနယ်ဆလော့တို့ ပါဝင်ခဲ့ပါတယ်။ The Best အကောင်းဆုံးအမျိုးသားဂိုးသမားဆုအတွက် ဆန်ခါတင် ၈ ဦးစာရင်းမှာ အယ်လစ်ဆန်၊ ကော်တိုအာ၊ ဒွန်နာရမ်မာ၊ မာတီနက်ဇ်၊ နော်ယာ၊ ဒေးဗစ်ရာယာ၊ ဆွန်းမားနဲ့ ဆဇက်စနီတို့ ပါဝင်ခဲ့ပါတယ်။ ဖီဖာ က ဒီဆုတွေနဲ့အတူ အကောင်းဆုံးအမျိုးသမီးကစားသမားဆု၊ အကောင်းဆုံးအမျိုးသမီးနည်းပြဆု၊ အကောင်းဆုံး အမျိုးသမီးဂိုးသမားဆု၊ အကောင်းဆုံးသွင်းဂိုးဆု၊ အမျိုးသားအကောင်းဆုံး(၁၁)ဦး၊ အမျိုးသမီးအကောင်းဆုံး ၁၁ ဦး တို့ကိုလည်း ရွေးချယ်သွားမှာဖြစ်ပြီး အဲဒီဆုတွေအတွက်လည်း ဆန်ခါတင်စာရင်းတွေကိုပါ ထုတ်ပြန်ခဲ့ပါတယ်။ ဆုရွေးချယ်မှုမှာ ပရိသတ်တွေရဲ့ ဆန္ဒမဲကိုပါထည့်သွင်းတွက်ချက်မှာဖြစ်ပြီး ပရိသတ်တွေအနေနဲ့ ဖီဖာဝက်ဘ်ဆိုက်မှာ နိုဝင်ဘာလ ၂၈ ရက်အထိ ဝင်ရောက်မဲပေးနိုင်ပြီဖြစ်ကြောင်း သိရပါတယ်။ (NVS 008)

07 Nov

ADVERTISE HERE .