“တရုတ်က ကမ္ဘာ့အကြီးဆုံးကုန်တင်သင်္ဘောအတွက် သိုရီယံဒြပ်စင်သုံး နျူကလီးယားဓာတ်ပေါင်းဖိုကို ထုတ်ဖော်ပြသ”

07 Nov

တရုတ်နိုင်ငံက ကမ္ဘာ့အကြီးဆုံးအဖြစ် ထွက်ပေါ်လာမည့်ကုန်တင်သင်္ဘောတွင် အသုံးပြုသွားမည့် သိုရီယံဒြပ်စင်အသုံးပြု နျူကလီးယားဓာတ်ပေါင်းဖိုကို ထုတ်ဖော်ပြသလိုက်ပြီဖြစ်ကြောင်းသိရသည်။ ယင်းနျူကလီးယားဓာတ်ပေါင်းဖိုသည် သိုရီယံအခြေခံ ဆားရည်ပျော်ဓာတ်ပေါင်းဖိုဖြစ်ပြီး အပူစွမ်းအင် ထွက်ရှိမှုအနေဖြင့် ၂၀၀ မဂ္ဂါဝပ်အထိရှိမည်ဖြစ်သည်။ ယင်း ဓာတ်ပေါင်းဖိုသည် သမားရိုးကျ ယူရေနီယံဒြပ်စင်အသုံးပြု နျူကလီးယားဓာတ်ပေါင်းဖိုများနှင့်မတူဘဲ ပိုမိုဘေးကင်းစိတ်ချရမှုရှိသည့်အပြင် စွမ်းအင်ထွက်ရှိမှုမှာလည်း ပိုမိုများပြားသည်။ ထို့ပြင်နောက်ထပ်ထူးခြားချက်များမှာ ဓာတ်ပေါင်းဖိုကိုအအေးပေးရန် ရေလိုအပ်မှုမရှိခြင်း၊ အရွယ်အစားကို လိုအပ်သည်အထိ သေးနိုင်ခြင်း၊ အသံတိတ်ဆိတ်မှုရှိခြင်း တို့ဖြစ်သည်။ ယင်းဓာတ်ပေါင်းဖိုကိုအောင်မြင်စွာ အသုံးပြုနိုင်လျှင် ထိုနည်းပညာက ကမ္ဘာ့ကုန်တင်သင်္ဘောကဏ္ဍကို ပြောင်းလဲစေမည်ဖြစ်သည်။ ယခုဓာတ်ပေါင်းဖိုမှထွက်ရှိသော အပူစွမ်းအင်ကို ကုန်တင်သင်္ဘောခုတ်မောင်းရန် တိုက်ရိုက်အသုံးပြုသွားမည် မဟုတ်ဘဲ အပူစွမ်းအင်မှ လျှပ်စစ်စွမ်းအင်သို့ ပြောင်းလဲပေးသည့် ဂျင်နရေတာများဖြင့် တစ်ဆင့်ခံ၍အသုံးပြုသွား မည်ဖြစ်သည်။ ထိုဂျင်နရေတာမှထွက်ရှိသည့် လျှပ်စစ်ဓာတ်အားသည် ၅၀ မဂ္ဂါဝပ်ရှိမည်ဖြစ်ကာ ထိုပမာဏသည် ကုန်တင်သင်္ဘောကိုခုတ်မောင်းရန် လုံလောက်ကြောင်းသိရသည်။

07 Nov

ADVERTISE HERE .