“National Management Academy မှ သင်တန်းသား ၁၅၉ ဦး မွေးထုတ်ပေးနိုင်ခဲ့”

07 Nov

National Management Academy မှ အသက်မွေးဝမ်းကျောင်းသင်တန်းများနှင့် ဒီပလိုမာသင်တန်းများ အဖြစ် ဖွင့်လှစ်ပို့ချပေးလျက်ရှိရာ ၂၀၂၄ ခုနှစ်မတ်လမှ ၂၀၂၅ ခုနှစ် ဩဂုတ်လအထိ သင်တန်းသား ၁၅၉ ဦး မွေးထုတ် ပေးနိုင်ခဲ့ကြောင်း သင်တန်းကျောင်းတာဝန်ခံ၏ ပြောကြားချက်အရ သိရပါတယ်။ အဆိုပါသင်တန်းမှ သင်တန်းပြီးဆုံးသူများကို ပြည်တွင်း/ပြည်ပရှိ ဟိုတယ်များ၊ လုပ်ငန်းရှင်များ၊ နိုင်ငံတကာ တက္ကသိုလ်များနှင့် ချိတ်ဆက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရပါတယ်။ လူငယ်လူရွယ်များအလုပ်အကိုင် တိုးတက်ရရှိရေးနှင့် မြန်မာလုပ်သားထု၏ စွမ်းဆောင်ရည် မြင့်မားစေရေး အတွက် အသက်မွေးဝမ်းကျောင်းဆိုင်ရာ ကျွမ်းကျင်မှုသင်တန်းများဖွင့်လှစ်ပို့ချပေးခြင်း၊ ပုဂ္ဂလိကသင်တန်းကျောင်းများကို ကျွမ်းကျင်မှုသင်တန်းကျောင်း အဖြစ် အသိအမှတ်ပြုပေး၍ ကြီးကြပ်လမ်းညွှန်ခြင်း၊ ပြည်တွင်း၌ အလုပ်အကိုင် အခွင့်အလမ်းပြပွဲများကျင်းပ၍ အလုပ်အကိုင်ရရှိမှုမြှင့်တင်ဆောင်ရွက်ခြင်း၊ သင်တန်းကျောင်းအနေနဲ့ သင်တန်းဆင်းများ၏ အလုပ်အကိုင် တိုးတက် ရရှိစေရေးဦးစီးဌာနနှင့် ပူးပေါင်းဆောင်ရွက်ရေး၊ တိုင်းပြည်နှင့် လူမျိုးအပေါ် သစ္စာရှိသော၊ စိတ်ဓာတ်ကောင်းမွန်၍ စည်းကမ်းလိုက်နာသော၊ စွမ်းဆောင်ရည်ပြည့်ဝသော ပညာတတ်လူငယ်များ ဖြစ်လာစေရေး အလေးထားသင်ကြား ပို့ချဆောင်ရွက်ရန် အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်က ပြောကြားခဲ့ပါတယ်။ မွန်းလွဲပိုင်းမှာ မင်္ဂလာဒုံမြို့နယ် ပျဉ်းမပင်စက်မှုဇုန်ရှိ EO အထည်ချုပ်စက်ရုံ၊ New Green Land အထည်ချုပ် စက်ရုံနှင့် Myanmar C.P Livestock Co., Ltd. အစာစပ်စက်ရုံတို့ကို သွားရောက်၍ စက်ရုံရှိတာဝန်ခံများ၊ အလုပ်သမားအဖွဲ့အစည်းဝင်များ၊ အလုပ်သမားရေးရာလုပ်ငန်းညှိနှိုင်းရေးကော်မတီ(WCC)အဖွဲ့ဝင်များ၊ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာတာဝန်ခံများနှင့်တွေ့ဆုံခဲ့ကြောင်းလည်း သိရပါတယ်။ (NVS 004)

07 Nov

ADVERTISE HERE .