“EPS စနစ်ဖြင့် ကိုရီးယားသို့ မြန်မာလုပ်သား ၁၉၃ ဦးစေလွှတ်”
07 Nov
ကိုရီးယားသမ္မတနိုင်ငံသို့ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ(POEA)မှတစ်ဆင့် EPS စနစ်နဲ့ မြန်မာလုပ်သား ၁၉၃ ဦးစေလွှတ်ခဲ့ကြောင်း ဆိုးလ်မြို့ရှိ မြန်မာသံရုံးမှ သိရပါတယ်။ အခုလိုစေလွှတ်ရာမှာ စိုက်ပျိုုးရေးလုပ်သားသစ် ၁၂ ဦး၊ ဆောက်လုပ်ရေးလုပ်သားသစ် ၉ ဦး၊ ဝန်ဆောင်မှု လုပ်သားသစ် ၁၃ ဦး၊ Re-entry လုပ်သား ၁၂ ဦး စုစုပေါင်း လုပ်သား ၄၆ ဦးက ကိုရီးယားလေကြောင်းလိုင်း KE492 ခရီးစဉ်နဲ့ အောက်တိုဘာ လ ၂၈ ရက်မှာ စေလွှတ်ခဲ့တာ ဖြစ်ပါတယ်။ အလားတူ ကုန်ထုတ်လုပ်သားသစ် ၁၄၇ ဦးသည် မြန်မာအမျိုးသားလေကြောင်းလိုင်း UB8301 ခရီးစဉ်ဖြင့် အောက်တိုဘာလ ၂၉ ရက်မှာ အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့ကြောင်း သိရပါတယ်။ ဒါ့အပြင် ယခင်က ကိုရီးယားသမ္မတနိုင်ငံရှိ နိုင်ငံခြားသားအလုပ်သမားများအား နာမည်တပ်မခေါ်ဘဲ “ဟေး” “မင်း” စသဖြင့် ခေါ်ဝေါ်ခြင်းမှာ ယဉ်ကျေးမှုမရှိသည့် အပြုအမူဖြစ်လို့ အောက်တိုဘာလ ၂၈ ရက်မှစ၍ အသစ်ရောက်ရှိလာတဲ့ မြန်မာအလုပ်သမားများကို အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဆိုက်ရောက်ချိန်မှာ နာမည်ကတ်ပြားများ တပ်ဆင်စေမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။ (NVS 004)