“မြန်မာသတင်းမီဒီယာသမားများအတွက် ၂၀၂၅ ခုနှစ် အထွေထွေရွေးကောက်ပွဲဆိုင်ရာလမ်းညွှန် စာအုပ်‌များ လှူဒါန်း”

07 Nov

နိုဝင်ဘာလ ၆ ရက်တွင် မြန်မာသတင်းမီဒီယာသမားများအတွက် "၂၀၂၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ ဆိုင်ရာလမ်းညွှန်စာအုပ်" မိတ်ဆက်ပွဲအခမ်းအနားကို သိမ်ဖြူလမ်းပေါ်ရှိ သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း၏ခန်းမ၌ ကျင်းပခဲ့ပါတယ်။ အဆိုပါစာအုပ်ကို မကြာခင်ကျင်းပမည့် ၂၀၂၅ ခုနှစ် အထွေထွေရွေးကောက်ပွဲအတွက်ရည်ရွယ်ကာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)နှင့် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ(MPC)တို့ ညှိနှိုင်းပေါင်းစပ် ပြင်ဆင် ဖြည့်စွက်ဖန်တီးပြုစုထားခြင်းဖြစ်ပါတယ်။ အဆိုပါ ၂၀၂၅ ခုနှစ် အထွေထွေရွေးကောက်ပွဲဆိုင်ရာ လမ်းညွှန် စာအုပ်ရေ ၂,၀၀၀ ကို မြန်မာနိုင်ငံပုံနှိပ်သူနှင့် ထုတ်ဝေသူလုပ်ငန်းရှင်များအသင်းမှ မြန်မာသတင်းမီဒီယာသမားများ အတွက် တာဝန်ယူလှူဒါန်းပေးခဲ့ပါတယ်။ (NVS 004)

07 Nov

ADVERTISE HERE .