ယူကရိန်းစစ်ဘက်ဆိုင်ရာ အခြေခံအဆောက်အအုံများကိုတိုက်ခိုက်ပြီး တန်ပြန်တိုက်ခိုက်မှုများအား တုံ့ပြန်လိုက်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာန ထုတ်ပြန်

06 Nov

ရုရှားတပ်ဖွဲ့များသည် လွန်ခဲ့သည့်ရက်အတွင်း ယူကရိန်းစစ်ဘက်ဆိုင်ရာ အခြေခံအဆောက်အအုံများကို တိုက်ခိုက်ခဲ့ပြီး ယူကရိန်းနိုင်ငံဘက်မှ တန်ပြန်တိုက်ခိုက်မှုများကို တုံ့ပြန်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက နိုဝင်ဘာလ ၅ ရက်၌ ထုတ်ပြန်ခဲ့သည်။ ရုရှားတပ်ဖွဲ့များသည် ယူကရိန်းစွမ်းအင်နှင့် သယ်ယူပို့ဆောင်ရေးအဆောက်အအုံများ၊ ဒရုန်းတပ်ဆင်‌ရေး စက်ရုံ၊ လက်နက်ခဲယမ်းဂိုဒေါင်များနှင့် နေရာ ၁၄၂ ခုရှိ တပ်ဖွဲ့ဝင်စုစည်းမှုများကို တစ်နေ့တာအတွင်း တိုက်ခိုက် ခဲ့ခြင်းဖြစ်ကြောင်း ဝန်ကြီးဌာနက ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။ “လေကြောင်းကာကွယ်ရေးတပ်ဖွဲ့တွေဟာ ပဲ့ထိန်းဗုံးတစ်လုံး၊ အမေရိကန်လုပ် HIMARS လက်နက်စနစ်မှ ပစ်လွှတ်တဲ့ ဒုံးကျည်လေးစင်းနဲ့ ဒရုန်း ၁၂၃ စင်းကိုလည်း ပစ်ချခဲ့ပါတယ်” ဟု ဝန်ကြီးဌာနက ဖော်ပြခဲ့သည်။ Donetsk ဒေသတွင် ယူကရိန်း၏ တန်ပြန်တိုက်ခိုက်မှုပေါင်း ၁၂ ကြိမ်ကိုတုံ့ပြန်ခဲ့ပြီး ဝန်းရံပိတ်ဆို့မှုမှ လွတ်မြောက်ရန် ယူကရိန်း၏ကြိုးပမ်းမှုများကို တားဆီးနိုင်ခဲ့ကြောင်း ဝန်ကြီးဌာနက ‌ဖော်ပြခဲ့ပြီး ရုရှားတပ်ဖွဲ့ များသည် ၎င်းတို့၏ထိန်းချုပ်ဇုန်ကို တိုးချဲ့ပြီး ရှေ့တန်းနေရာများကို တိုးတက်ကောင်းမွန်အောင် လုပ်ဆောင် ခဲ့ကြောင်းလည်း ဖြည့်စွက်ကြေညာခဲ့သည်။ “ဒီဒေသရှိ ယူကရိန်းတပ်ဖွဲ့တွေက ရုရှားရဲ့ တိုက်ခိုက်မှုတွေနဲ့ ရှေ့တိုးစစ်ဆင်မှုတွေကြားမှာ ဆုံးရှုံးမှုများစွာ ခံစားနေရပါတယ်၊ မိမိဆန္ဒအလျောက် လက်နက်ချရုံကလွဲလို့ အခြားရွေးချယ်စရာမရှိပါဘူး” ဟု ဝန်ကြီးဌာနက ကြေညာခဲ့ကြောင်း သိရသည်။ (Repost from Xinhua Myanmar)

06 Nov

ADVERTISE HERE .