ဗီယက်နမ်နိုင်ငံက ကော်ဖီတင်ပို့မှုမှ ဒေါ်လာ ၇.၄ ဘီလီယံ ဝင်ငွေရရှိ

06 Nov

ဗီယက်နမ်နိုင်ငံ၏ ကော်ဖီတင်ပို့မှုမှ ယခုနှစ် ပထမ ၁၀ လအတွင်း အမေရိကန်ဒေါ်လာ ၇ ဒသမ ၄၁ ဘီလီယံ ရရှိခဲ့ပြီး ယမန်နှစ် အလားတူကာလထက် ၆၁ ဒသမ ၈ ရာခိုင်နှုန်း မြင့်တက်လာကြောင်း လယ်ယာစိုက်ပျိုးရေးနှင့် ပတ်ဝန်းကျင်ဝန်ကြီးဌာနကို ကိုးကား၍ ဗီယက်နမ်သတင်းအေဂျင်စီက နိုဝင်ဘာလ ၅ ရက်တွင် သတင်းဖော်ပြ ခဲ့သည်။ အဆိုပါကာလအတွင်း ကော်ဖီတင်ပို့မှုသည် ၁၃ ဒသမ ၅ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး တန်ချိန် ၁ ဒသမ ၃ သန်း အထိရှိခဲ့ကြောင်း သတင်းတွင် ဖော်ပြခဲ့သည်။ ဂျာမနီ၊ အီတလီနှင့် စပိန်နိုင်ငံတို့သည် ဗီယက်နမ်ကော်ဖီကို အဓိက တင်သွင်းသည့် နိုင်ငံများဖြစ်ပြီး စျေးကွက်စုစုပေါင်း၏ ၁၃ ဒသမ ၄ ရာခိုင်နှုန်း၊ ၇ ဒသမ ၈ ရာခိုင်နှုန်းနှင့် ၇ ဒသမ ၄ ရာခိုင်နှုန်း အသီးသီးရှိကြောင်း သိရသည်။ ဇန်နဝါရီလမှ အောက်တိုဘာလအထိ ကော်ဖီပို့ကုန် ပျမ်းမျှစျေးနှုန်းမှာ တစ်တန်လျှင် အမေရိကန်‌ဒေါ်လာ ၅,၆၅၃ အထိ ရောက်ရှိခဲ့ကြောင်း ဒေသတွင်းနေ့စဥ်သတင်းစာ Kinh Te & Do Thi က ဖော်ပြခဲ့သည်။ (Repost from Xinhua Myanmar)

06 Nov

ADVERTISE HERE .