တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့တွင် ၈ ကြိမ်မြောက် တရုတ် နိုင်ငံတကာသွင်းကုန်ပြပွဲ ဖွင့်လှစ်

06 Nov

ကမ္ဘာ့အကြီးဆုံး နိုင်ငံအဆင့် ပို့ကုန်အသားပေးကုန်စည်ပြပွဲဖြစ်သည့် လက်ရှိ နောက်ဆုံးကျင်းပလျက်ရှိသော တရုတ်နိုင်ငံတကာသွင်းကုန်ပြပွဲ (CIIE) ကို ရှန်ဟိုင်းမြို့တွင် နိုဝင်ဘာလ ၅ ရက်၌ ဖွင့်လှစ်လိုက်ပြီဖြစ်သည်။ အဆိုပါ (၈)ကြိမ်မြောက် တရုတ် နိုင်ငံတကာသွင်းကုန်ပြပွဲနှင့် ဟုန်ချောင် နိုင်ငံတကာစီးပွားရေးဖိုရမ် ဖွင့်ပွဲ အခမ်းအနားတွင် တရုတ်နိုင်ငံဝန်ကြီးချုပ် လီချန် က အရေးကြီးမိန့်ခွန်း ပြောကြားခဲ့သည်။ ယင်းပြပွဲသည် သာတူညီမျှမှုနှင့် အပြန်အလှန်အကျိုးဖြစ်ထွန်းမှုကို လက်ကိုင်ပြုရန်၊ တရားဝင် ဘုံအကျိုး စီးပွားများ အခြေခံခိုင်မာစေရန် လိုအပ်ကြောင်းနှင့် နိုင်ငံတကာ တရားမျှတမှုနှင့် သမာသမတ်ကျမှုကို ထိန်းသိမ်း စောင့်ရှောက်ကြရန်လည်း ဝန်ကြီးချုပ် လီ က တိုက်တွန်းပြောကြားခဲ့သည်။ တရုတ်နိုင်ငံအနေဖြင့် နိုင်ငံတကာစီးပွားရေးနှင့် ကုန်သွယ်ရေးနယ်ပယ်များတွင် ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှု အစီအမံ အကောင်အထည်ဖော်မှုမြှင့်တင်ရေး၊ ကမ္ဘာကုန်သွယ်ရေးအဖွဲ့(WTO) ဗဟိုပြု နိုင်ငံစုံကုန်သွယ်ရေးစနစ် အဆင့်မြှင့်တင်ရေးအတွက် နိုင်ငံများအားလုံးနှင့်အတူ လုပ်ဆောင်သွားလိုကြောင်း လီ က မှတ်ချက်ပြုခဲ့သည်။ (၂၀)ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၊ စတုတ္ထအကြိမ် မျက်နှာစုံညီအစည်းအဝေးတွင် အတည်ပြုခဲ့သော (၁၅)ကြိမ်မြောက် ငါးနှစ်စီမံကိန်း (၂၀၂၆-၂၀၃၀)ရေးဆွဲရေး အကြံပြုချက် စာရွက်စာတမ်းက ရှေ့လာမည့်ကာလအတွက် တရုတ်နိုင်ငံ၏ စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်မှုအား ကြီးမားသော သေချာရေရာမှု ဖြည့်တင်းပေးလိုက်ခြင်းဖြစ်ကြောင်း လီ က ပြောကြားခဲ့သည်။ တရုတ်နိုင်ငံသည် အရည်အသွေးမြင့်ဖွံ့ဖြိုးတိုးတက်မှုကို အဆင့်မြှင့်တင်မည်ဖြစ်ပြီး ကမ္ဘာ့စီးပွားရေး တိုးတက် မှုကို သစ်လွင်၍အရေးပါသော အကျိုးဆောင်မှုများ ပြုလုပ်မည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် စံနှုန်းမြင့်မားသော တံခါးဖွင့်လှစ်မှုကို မမှိတ်မသုန်မြှင့်တင်မည်ဖြစ်ကာ စနစ်အသွင်တံခါးဖွင့်လှစ်မှုကိုလည်း တည်ငြိမ်စွာတိုးချဲ့မည် ဖြစ်ပြီး ဝန်ဆောင်မှုကဏ္ဍ၏ တံခါးဖွင့်လှစ်မှု အရှိန်မြှင့်တင်ရေး ရှေ့ပြေးအစီအစဉ်များ မြှင့်တင်မည်ဖြစ်ကြောင်းလည်း လီ က ဖြည့်စွက်ပြောကြားခဲ့သည်။ ယင်းပြပွဲ၏ သမိုင်းတစ်လျှောက် အကြီးမားဆုံးပြပွဲဧရိယာနှင့် ပြပွဲဝင်ရောက်ပြသသူ အရေအတွက် စံချိန်တင် အများဆုံးဖြစ်သော ယခု (၈)ကြိမ်မြောက် CIIE ပြပွဲအား “ခေတ်သစ်၊ အနာဂတ်မျှဝေမှု” ဟူသော ခေါင်းစဉ်ဖြင့် ကျင်းပမည်ဖြစ်ကာ နိုင်ငံ၊ ဒေသနှင့် နိုင်ငံတကာအဖွဲ့အစည်း ၁၅၅ ခုမှ နိုင်ငံရပ်ခြား ပြပွဲပြသသူအရေအတွက် ၄,၁၀၈ အား ဆွဲဆောင်ထားနိုင်ခဲ့ပြီး စုစုပေါင်းပြပွဲဧရိယာမှာ စတုရန်းမီတာ ၄၃၀,၀၀၀ ကျော် ရှိကြောင်း သိရသည်။ နိုဝင်ဘာလ ၅ ရက်မှ ၁၀ ရက်အထိ ကျင်းပမည့် အဆိုပါ ကုန်စည်ပြပွဲတွင် ထုတ်ကုန်သစ်၊ နည်းပညာများနှင့် ဝန်ဆောင်မှုလုပ်ငန်း ၄၆၁ ခုကို ပထမဆုံးပြသမည်ဖြစ်သည်။ ထို့ပြင် ရှန်ဟိုင်းမြို့တွင်ပင် ကျင်းပလျက်ရှိသည့် ဟုန်ချောင် နိုင်ငံတကာစီးပွားရေးဖိုရမ်၌ World Openness Report 2025 နှင့် World Openness Index နှစ်မျိုးလုံးကိုလည်း ထုတ်ပြန်မည်ဖြစ်ကြောင်း သိရသည်။ (Repost from Xinhua Myanmar)

06 Nov

ADVERTISE HERE .