ဆင်ဟွာဥက္ကဋ္ဌနှင့် တရုတ်နိုင်ငံဆိုင်ရာ အီရန်သံအမတ်ကြီးနှင့် တွေ့ဆုံ

06 Nov

ဆင်ဟွာသတင်းအေဂျင်စီဥက္ကဋ္ဌ ဖုဟွာ သည် တရုတ်နိုင်ငံဆိုင်ရာ အီရန်သံအမတ်ကြီး Abdolreza Rahmani Fazli နှင့် နိုဝင်ဘာလ ၄ ရက်တွင် ပေကျင်း၌ တွေ့ဆုံခဲ့ကြောင်းသိရသည်။ ဆင်ဟွာသတင်းဌာနသည် အီရန်သတင်းမီဒီယာ၊ Think Tanks အဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်မှုများ အားကောင်းစေရန်လုပ်ဆောင်ရန် ဆန္ဒရှိကြောင်း နှစ်နိုင်ငံအကြား ချစ်ခင်ရင်းနှီးသောဆက်ဆံရေးများ၏ သက်သေ၊ မှတ်တမ်းတင်သူနှင့် မြှင့်တင်ပေးသူအဖြစ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖု က ပြောကြားခဲ့သည်။ နှစ်ဖက်စလုံးသည် နိုင်ငံစုံယန္တရားအသီးသီး၏ မူဘောင်များအတွင်း ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ကာ ကမ္ဘာ့ တောင်ဘက်ခြမ်းနိုင်ငံများ၏ နိုင်ငံတကာပြောဆိုမှုအင်အား ဆက်လက်တိုးတက်စေရန် အကျိုးပြုမည်ဟု မျှော်လင့်ကြောင်း ဖု က ထုတ်ဖော်ပြောကြားခဲ့သည်။ တရုတ်နိုင်ငံဆိုင်ရာ အီရန်သံအမတ်ကြီး Abdolreza Rahmani Fazli က အီရန်နိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့် ဆက်ဆံရေးအရေးပါမှုကို အထူးအလေးထားကြောင်း၊ နှစ်နိုင်ငံဆက်ဆံရေး ဖွံဖြိုးတိုးတက်မှုမြှင့်တင်ရန် မီဒီယာ အခန်းကဏ္ဍ၏ အရေးပါမှုကို အကျိုးရှိစွာအသုံးချကာ ဆင်ဟွာသတင်းဌာနနှင့် ပူးပေါင်းဆောင်ရွက်မှုတိုးချဲ့ပြီး နက်နက်ရှိုင်းရှိုင်း ရှေ့ဆက်လုပ်ဆောင်သွားရန် အီရန်နိုင်ငံဘက်မှ မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။ (Repost from Xinhua Myanmar)

06 Nov

ADVERTISE HERE .