“ဝုလ်ဗ်အသင်းနည်းပြသစ်အဖြစ် ရေပန်းအစားဆုံးဖြစ်နေတဲ့ တန်ဟက်ဂ်”
06 Nov
ဝုလ်ဗ်အသင်းနည်းပြသစ်အဖြစ် ဒတ်ချ်လူမျိုးနည်းပြ တန်ဟက်ဂ် က ရေပန်းအစားဆုံးဖြစ်နေတယ်လို့ သိရပါတယ်။ ဝုလ်ဗ်အသင်းဟာ အစောပိုင်းက နည်းပြဟောင်း ဂယ်ရီအိုနေးလ် ကို ပြန်လည်ခန့်အပ်ဖို့ နီးစပ်ခဲ့ပေမဲ့ ဂယ်ရီအိုနေးလ် ဟာ ဝုလ်ဗ်အသင်းနဲ့ ကနဦးဆွေးနွေးမှုအပြီး နောက်ပိုင်းမှာ ဆွေးနွေးမှုကို ရုပ်သိမ်းခဲ့တာ ဖြစ်တယ်။ လက်ရှိမှာ အသင်းလက်မဲ့ဖြစ်နေတဲ့ တန်ဟက်ဂ် က ဝုလ်ဗ်အသင်းနည်းပြရာထူးကို စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ မန်ယူနည်းပြဟောင်းဟာ ယခုရာသီအစမှာ လေဗာကူဆင်အသင်းကို ကိုင်တွယ်ခဲ့ပေမဲ့ ရာသီအဖွင့် သုံးပွဲအပြီးမှာပဲ ရာထူးက ထုတ်ပယ်ခံခဲ့ရပါတယ်။ (NVS 008)
06 Nov