“ကမ္ဘာ့အဆင့် (၁) နေရာကို ပြန်လည်ရယူခဲ့တဲ့ ဆင်နာ”
06 Nov
အီတလီတင်းနစ်သမား ဆင်နာ ဟာ ပဲရစ်မာစတာပြိုင်ပွဲမှာ ချန်ပီယံဆုကို ရယူနိုင်ခဲ့ပြီးနောက် ကမ္ဘာ့အဆင့်(၁) နေရာကို ပြိုင်ဘက် အယ်ကာရက်ဇ်ဆီ ကနေ ပြန်လည်ရယူနိုင်ခဲ့ပါတယ်။ ပဲရစ်မာစတာပြိုင်ပွဲ ဗိုလ်လုပွဲမှာ ဆင်နာ ဟာ ကနေဒါတင်းနစ်သမား အဲလိယက်ဆိုင်း နဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ပြီး ၆း၄၊ ၇း၆ ဆိုတဲ့ရလဒ်နဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ ဆင်နာ အတွက်တော့ အခုချန်ပီယံဆုက ကစားသမားဘဝ ပထမဆုံး ပဲရစ်မာစတာချန်ပီယံဆု ဖြစ်သလို ကမ္ဘာ့အဆင့် (၁) နေရာကိုလည်း ပြန်လည်ရယူနိုင်ခဲ့လို့ တန်ဖိုးကြီးတဲ့ နိုင်ပွဲဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် အဲလိယက်ဆိုင်းနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ ရုံတွင်းကွင်းမာ အမျိုးအစား ၂၆ ပွဲဆက်တိုက် အနိုင်ရတဲ့ မှတ်တမ်းကောင်းကိုလည်း ဆင်နာ ကစိုက်ထူ နိုင်ခဲ့ပါတယ်။ ဆင်နာဟာ နိုဝင်ဘာလ ၉ ရက်နမှာစတင်မယ့် ရာသီပိတ် ATP ဖိုင်နယ်ပြိုင်ပွဲကို ကမ္ဘာ့အဆင့် (၁) အဖြစ် နဲ့ ဝင်ပြိုင်မှာဖြစ်ပြီး ရလဒ်ကောင်းရယူနိုင်ခဲ့မယ်ဆိုရင် ၂၀၂၅ ခုနှစ်ကို ကမ္ဘာ့အဆင့် (၁) အဖြစ်နဲ့ နှုတ်ဆက်ခွင့်ရမှာ ဖြစ်ပါတယ်။ ဆင်နာရဲ့ ကမ္ဘာ့အဆင့် (၁) နေရာကို ၆၅ ပတ်ဆက်တိုက် သိမ်းပိုက်ထားမှုက ပြီးခဲ့တဲ့စက်တင်ဘာက ယူအက်စ်အိုးပင်း ဗိုလ်လုပွဲမှာ အယ်ကာရက်ဇ် ကို ရှုံးနိမ့်ပြီးနောက် ရပ်တန့်သွားခဲ့ကာ ကမ္ဘာ့အဆင့် (၁) နေရာကို အယ်ကာရက်ဇ်ဆီ လွှဲပေးလိုက်ရတာဖြစ်ပါတယ်။ (NVS 008)