“အင်ဒိုနီးရှား ၃ နိုင်ငံဖိတ်ခေါ်ဖလား ခရစ်ကတ်ပြိုင်ပွဲ မြန်မာဝင်ရောက်ယှဉ်ပြိုင်မည်”

06 Nov

မြန်မာ့လက်ရွေးစင် အမျိုးသားခရစ်ကတ်အသင်းဟာ အင်ဒိုနီးရှားဖိတ်ခေါ် ၃ နိုင်ငံ ခရစ်ကတ်ပြိုင်ပွဲ (Bali Bash International Indonesia) ကို ဝင်ရောက်ယှဥ်ပြိုင်သွားဖို့ရှိနေပါတယ်။ ဒီပြိုင်ပွဲကို အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီမှာ နိုဝင်ဘာလ ၆ ရက်ကနေ ၁၄ ရက်အထိ ကျင်းပပြုလုပ်မှာဖြစ်ပြီး အိမ်ရှင်အင်ဒိုနီးရှား၊ မြန်မာနဲ့ တီမောအသင်းတို့ ပါဝင်ယှဥ်ပြိုင်ကြမှာဖြစ်ပါတယ်။ပြိုင်ပွဲကို ၃ သင်း ၄ ကျော့ အမှတ်ပေးစီးရီးပုံစံနဲ့ ယှဥ်ပြိုင်ကစားစေမှာဖြစ်ပါတယ်။ မြန်မာ့လက်ရွေးစင် အမျိုးသားခရစ်ကတ်အသင်းဟာ နိုဝင်ဘာလ ၆ ရက်မှ ၁၄ ရက်အထိ ယှဥ်ပြိုင်ကစားရမှာဖြစ်ပါတယ်။ (NVS 008)

06 Nov

ADVERTISE HERE .