“ကမ္ဘာ့ဘောလုံးလောကမှာ အင်အားအကောင်းဆုံးလိဂ်အဖြစ် ပရီးမီးယားလိဂ် သတ်မှတ်ခံရ”
06 Nov
အင်္ဂလန်ပရီးမီးယားလိဂ်က ကမ္ဘာ့ဘောလုံးလောကမှာ အင်အားအကောင်းဆုံးလိဂ်အဖြစ် သတ်မှတ်ခံရပြီး အင်္ဂလန်လိဂ်ချန်ပီယံရှစ်ကလည်း အဆင့် (၆) နေရာမှာ ရပ်တည်ခဲ့ကြောင်း သိရပါတယ်။ Opta က ကမ္ဘာတစ်လွှားက လိဂ်ပြိုင်ပွဲအားလုံးကို အသေးစိတ်ဆန်းစစ်တွက်ချက်မှုပြုလုပ်ကာ အခုစာရင်းကို ထုတ်ပြန်ခဲ့တာဖြစ်ပြီး လိဂ်တစ်ခုစီမှာ ပါဝင်ယှဥ်ပြိုင်နေတဲ့ အသင်းအားလုံးရဲ့ စွမ်းဆောင်ရည်နှုန်းထား၊ အကောင်းဆုံး ၁၀ သင်းရဲ့ စွမ်းဆောင်ရည်နှုန်းထား၊ အကောင်းဆုံး ၅ သင်းရဲ့ စွမ်းဆောင်ရည်နှုန်းထားတွေအပေါ် နှိုင်းယှဥ် အကဲဖြတ်ခြင်းဖြစ်ကြောင်းလည်း သိရပါတယ်။ Opta ရဲ့ ဖော်ပြမှုမှာ ပရီးမီးယားလိဂ်က ကမ္ဘာ့အတောင့်တင်းဆုံးလိဂ်အဖြစ် ရပ်တည်ခဲ့ပြီး စပိန်လာလီဂါက ဒုတိယနေရာ၊ အီတလီစီးရီးအေက တတိယနေရာ၊ ဂျာမနီဘွန်ဒစ်လီဂါက စတုတ္ထနေရာ၊ ပြင်သစ်လီဂူးက ပဉ္စမနေရာ ရပ်တည်ခဲ့တာကြောင့် ဥရောပထိပ်သီးလိဂ် ၅ ခုကပဲ ကမ္ဘာ့ဘောလုံးလောကကို စိုးမိုးထားတာတွေ့ရပါတယ်။ အင်္ဂလန်ဘောလုံး လောကရဲ့ ဒုတိယတန်းစားပြိုင်ပွဲဖြစ်တဲ့ လိဂ်ချန်ပီယံရှစ်က အဆင့် ၆ နေရာမှာ ရပ်တည်နိုင်ခဲ့တာကတော့ အင်္ဂလန်ရဲ့ ဘောလုံးအင်အားက ပြိုင်ဘက်တွေနဲ့ ကွာဟချက်ကြီးမားနေပြီဆိုတာ ပြသရာရောက်ခဲ့ပါတယ်။ (NVS 008)