“တိုင်ဖွန်းမုန်တိုင်း ‘ခန့်မေဂီ’ ကြောင့် ရန်ကုန်အပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ်အချို့မှာ မိုးရွာသွန်းနိုင်”
06 Nov
တောင်တရုတ်ပင်လယ်ပြင်တွင်ဖြစ်ပေါ်နေသော တိုင်ဖွန်းမုန်တိုင်း “ခန့်မေဂီ” မှ ပြတ်ထွက်လာသော တိမ်တိုက်များကြောင့် ရန်ကုန်အပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ် ၁၀ ခုမှာ မိုးရွာသွန်းမှုများရှိလာမယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနထံကနေ သိရပါတယ်။ နိုဝင်ဘာလ ၈ ရက်မှ နိုဝင်ဘာလ ၁၀ ရက်အတွင်း ရန်ကုန်၊ နေပြည်တော်၊ ပဲခူး၊ ဧရာဝတီ၊ တနင်္သာရီ၊ ကယား၊ ကရင်၊ မွန်၊ ရခိုင်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်းနှင့်အရှေ့ပိုင်း)တို့မှာ နေရာစိပ်စိပ်မှနေရာအနှံ့အပြား မိုးထစ်ချုန်း ရွာသွန်းနိုင်ပါတယ်။ မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီး လက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်းဘေးအန္တရာယ်များဖြစ်ပေါ်နိုင်၍ ယင်းဒေသ များရှိ ကုန်းမြင့်ဒေသအနီးနေထိုင်သူများအနေဖြင့် မြေပြိုမှုအန္တရာယ်၊ မြစ်ငယ်၊ ချောင်းငယ်များအနီး နေထိုင်ကြသူ များအနေနဲ့ ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုရှောင်ရှားကြရန်လည်း အသိပေးထားပါတယ်။ (NVS 004)