“ရန်ကုန်နိုင်ငံတကာ ကုန်စည်ပြပွဲကို နိုဝင်ဘာ ၁၄ ရက်မှ ၁၆ ရက်အထိ YCC တွင် ၃ ရက်ကြာ ကျင်းပမည်”

06 Nov

ရန်ကုန်နိုင်ငံတကာကုန်စည်ပြပွဲ ၂၀၂၅ ကို လာမည့် နိုဝင်ဘာလ ၁၄ ရက်မှ ၁၆ ရက်အထိ ၃ ရက်ကြာ ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်ရှိ ရန်ကုန်ကွန်ဗန်းရှင်းစင်တာ (YCC)မှာ ကျင်းပသွားမယ်လို့ သိရပါတယ်။ အဆိုပါပြပွဲကြီးတွင် လယ်ယာသုံးစက်ယန္တရားများ၊ ကုန်စည်ပို့ဆောင်မှုနှင့် သိုလှောင်မှုဆိုင်ရာလုပ်ငန်းများ၊ Renewable Energy နည်းပညာ (ဆိုလာ၊ ဘက်ထရီ၊ အင်ဗာတာ)၊ ဂျင်နရေတာများနှင့် မော်တော်ယာဉ်အမျိုးမျိုး (EV ကား၊ EV Cycle၊ ဘတ်စ်ကား၊ ထရပ်ကား) နှင့် အော်တိုအပိုပစ္စည်းများအပါအဝင် နိုင်ငံတကာ ထုတ်ကုန်များနှင့် နည်းပညာသစ်များကို တစ်နေရာတည်းတွင် စုစည်းပြသသွားမှာဖြစ်ပါတယ်။ ပြပွဲကာလအတွင်း ပညာပေး ဟောပြော ပွဲများနှင့် ဆွေးနွေးပွဲများကိုလည်း အထူးအစီအစဉ်အဖြစ် ထည့်သွင်းကျင်းပသွားမယ်လို့ သိရပါတယ်။ (NVS 004)

06 Nov

ADVERTISE HERE .