“မြန်မာနိုင်ငံက အေးခဲထောပတ်သီးတန်ချိန် ၂၀၀ ကို အိန္ဒိယသို့ တင်ပို့မည်”
06 Nov
မြန်မာနိုင်ငံကနေထွက်ရှိတဲ့ ထောပတ်သီးတန် ၂၀၀ ကို အိန္ဒိယနိုင်ငံသို့ အခုအနှစ်အတွင်း တင်ပို့သွားနိုင်ဖို့ စီစဉ်နေတယ်လို့ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ကနေ သိရပါတယ်။ အခုလိုတင်ပို့နိုင်ဖို့နဲ့ပတ်သက်ပြီး မြန်မာနိုင်ငံနဲ့ အိန္ဒိယနိုင်ငံတို့အကြား တန်ဖိုးမြှင့်ထောပတ်သီး ထုတ်လုပ်မှု ကဏ္ဍမှာ ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် ဆွေးနွေးတာတွေပြုလုပ်ခဲ့ပါတယ်။ မြန်မာ့ထောပတ်သီးကို အိန္ဒိယနိုင်ငံ သို့ တင်ပို့ရာမှာ အိန္ဒိယနိုင်ငံရဲ့ ဆောင်ရွက်ရမယ့်လုပ်ငန်းစဉ်တွေကို အိန္ဒိယနိုင်ငံဘက်က ပံ့ပိုးပေးဖို့လည်း အပြန်အလှန် ပြောကြားထားတယ်လို့သိရပါတယ်။ မြန်မာနိုင်ငံမှာ ထောပတ်သီးကို ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)နှင့် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့တို့မှာ အများဆုံးစိုက်ပျိုးနေတာ ဖြစ်ပါတယ်။ (NVS 004)
06 Nov