“ကမ္ဘာ့ရွှေဈေးကျဆင်းလာပြီး မြန်မာ့ရွှေဈေးပြန်ကျလာနိုင်”
06 Nov
နိုဝင်ဘာလဆန်းပိုင်းမှာ ကမ္ဘာ့ရွှေဈေးက တစ်ရှိန်ထိုးကျဆင်းလာပြီး ပြည်တွင်းရွှေဈေးပါ ပြန်ကျလာ နိုင်ကြောင်း ပြင်ပရွှေဈေးကွက်အတွင်းမှ သိရပါတယ်။ ကမ္ဘာ့ရွှေဈေးက အောက်တိုဘာလ ၃၀ ရက်မှာ တစ်အောင်စကို ၄၀၄၀ ဒသမ ၃၅ ဒေါ်လာရှိရာမှ နိုဝင်ဘာလ ၅ ရက်မှာ တစ်အောင်စကို ၃၉၃၈ ဒသမ ၆၂ ဒေါ်လာဖြစ်ကြောင်း သိရပါတယ်။ ကမ္ဘာ့ရွှေဈေးမြင့်တက်မှုကြောင့် ပြည်တွင်းရွှေဈေးသည်လည်း တစ်ကျပ်သား ၈၅ သိန်းကျော်အထိ မြင့်တက် လာပြီး ယခုအခါ ၈၃ သိန်းသာရှိတော့ကြောင်း သိရပါတယ်။ ဒါ့အပြင် ဈေးကွက်အတွင်းရောင်းချရမည့် ရည်ညွှန်းဈေး တစ်ကျပ်သားကို ၅၉ သိန်း ၇ သောင်းဖြင့်ရောင်းချရန် ဓာတ်သတ္တု(ရွှေ) ရည်ညွှန်းဈေးသတ်မှတ်ရေး ကော်မတီက သတ်မှတ်ထားကြောင်း သိရပါတယ်။ ပြည်တွင်းရွှေဈေးကွက်အတွင်း ရွှေဈေးတက်သော်လည်း အရောင်းအဝယ်မှာ အေးနေပြီး အရောင်းပိုများကြောင်း သိရပါတယ်။ (NVS 004)
06 Nov