“စွယ်တော်မြတ်စေတီတော်(မန္တလေး) ထီးတော်တင်လှူပွဲ‌ကို နိုဝင်ဘာလအတွင်း ကျင်းပသွားမည်”

06 Nov

ငလျင်ကြောင့် ထိခိုက်ခဲ့သည့် စွယ်တော်မြတ်စေတီတော်(မန္တလေး)၏ ရွှေထီးတော်၊ ငှက်မြတ်နားတော်နှင့် ထီးတော်တို့ကို ပြင်ဆင်ပြီးဖြစ်လို့ ထီးတော်တင်လှူပွဲ‌ကို ယခုနိုဝင်ဘာလအတွင်း ကျင်းပသွားမည်ဖြစ်ကြောင်း စွယ်တော်မြတ်စေတီတော်(မန္တလေး) ဂေါပကအဖွဲ့မှ သိရပါတယ်။ မတ်လ ၂၈ ရက်မှာ လှုပ်ခတ်ခဲ့တဲ့ မန္တလေးငလျင်ကြီးကြောင့် ရွှေထီးတော်၊ ငှက်မြတ်နားတော်နှင့် ထီးတော် တို့မှာ အနည်းငယ်ပျက်စီးမှု ဖြစ်ခဲ့ရပါတယ်။ ယခုအခါ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုနဲ့ ပြုပြင်မွမ်းမံမှုပြီးစီးခဲ့တဲ့အတွက် ထီးတော်တင်လှူပွဲ‌ကို နိုဝင်ဘာလအတွင်း ကျင်းပသွားမှာဖြစ်ကြောင်း သိရပါတယ်။ (NVS 004)

06 Nov

ADVERTISE HERE .