“၂၀၂၅ ခုနှစ်အတွက် Golden Boy ဆုကို ရရှိခဲ့တဲ့ ဒူအီ”

05 Nov

၂၀၂၅ ခုနှစ်အတွက် ဥရောပအကောင်းဆုံး လူငယ်ကစားသမားဆုအဖြစ် သတ်မှတ်ခံရတဲ့ Golden Boy ဆုကို PSG တိုက်စစ်ကစားသမား ဒူအီ က ရရှိခဲ့ကြောင်း သိရပါတယ်။ Golden Boy ဆုကို အီတလီအားကစားသတင်းစာ Tuttosport က ဖန်တီးချီးမြှင့်တာဖြစ်ပြီး ဥရောပမှာ ယှဉ်ပြိုင်ကစားနေတဲ့ အသက် ၂၁ နှစ်အောက်ကစားသမားများ သာ အကျုံးဝင်တာ ဖြစ်ပါတယ်။ အသက် ၂၀ သာရှိသေးတဲ့ ပြင်သစ်ကစားသမား ဒူအီ ဟာ ပြီးခဲ့တဲ့ ၂၀၂၄-၂၅ ဘောလုံးရာသီမှာ PSG အသင်း နဲ့အတူ ဖလားသုံးလုံးအောင်ပွဲရရှိခဲ့သူဖြစ်ပြီး ပြိုင်ပွဲစုံ ၆၁ ပွဲကစားကာ ၁၆ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ ဒူအီ ဟာ ပြင်သစ် လိဂ်ရဲ့ အကောင်းဆုံးလူငယ်ကစားသမားဆုနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ အကောင်းဆုံးလူငယ်ကစားသမားဆုတို့ကို ရရှိခဲ့ သလို၊ နွေရာသီမှာ ကျင်းပခဲ့တဲ့ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အကောင်းဆုံးလူငယ်ကစားသမားဆုကို ထပ်မံရရှိခဲ့တာ ဖြစ်ပါတယ်။ (NVS 008)

05 Nov

ADVERTISE HERE .