“ဂျိုကာရက်စ် ရဲ့ဒဏ်ရာဟာ စိုးရိမ်စရာကောင်းတယ်လို့ ပြောကြားခဲ့တဲ့ အာတီတာ”
05 Nov
အာဆင်နယ်အသင်းနည်းပြ အာတီတာ က ဂျိုကာရက်စ် ရဲ့ဒဏ်ရာဟာ စိုးရိမ်စရာကောင်းတယ်လို့ ပြောကြားခဲ့ပါတယ်။ ဂျိုကာရက်စ် ဟာ ဘန်လေအသင်းနဲ့ပွဲစဉ်မှာ အဖွင့်ဂိုးသွင်းခဲ့ပေမယ့် ဒဏ်ရာရခဲ့လို့ ပထမပိုင်းမှာပဲ လူစားလဲ ခံခဲ့ရပါတယ်။ ဂျိုကာရက်စ် ဟာ အခုရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အာဆင်နယ်အသင်းအတွက် လေးဂိုး သွင်းယူ ပေးထားပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ ဘန်လေအသင်းနဲ့ပွဲပြီးကတည်းက အသင်းနဲ့အတူ လေ့ကျင့်ခန်းမဆင်းနိုင်ဘဲ အနားယူနေရတာ ဖြစ်ပါတယ်။ ဒါ့အပြင် အာတီတာ က အာဆင်နယ်အသင်းမှာ ဟာဗက်ဇ်၊ မာတင်နယ်လီ၊ မာဒူအေကေ၊ ဂျေးဇူးအပါအဝင် ဒဏ်ရာရတဲ့ကစားသမား ခုနစ်ဦးလောက် ရှိတယ်လို့ ဖွင့်ဟပြောကြားခဲ့ပါတယ်။ (NVS 008)
05 Nov