“ဆာဘွဲ့ ရရှိခဲ့တဲ့ ဒေးဗစ် ဘက်ခမ်း”

05 Nov

ဒေးဗစ် ဘက်ခမ်း ဟာ တတိယမြောက် ချားလ်စ်ဘုရင်ထံမှ ဆာဘွဲ့(Knight) ချီးမြှင့်ခြင်း ခံခဲ့ရပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၄ ရက်က ဝင်ဆာရဲတိုက်မှာ ကျင်းပခဲ့တဲ့ ဂုဏ်ထူးဆောင်ဘွဲ့ချီးမြှင့်ခြင်း အခမ်းအနားမှာ ဆာဘွဲ့ လက်ခံရယူခဲ့ကြသူတွေကတော့ အင်္ဂလန်ဘောလုံးအသင်းကစားသမားဟောင်း ဒေးဗစ်ဘက်ခမ်း အပြင် ဂျပန်-ဗြိတိန် စာရေးဆရာနဲ့ ဇာတ်ညွှန်းရေးဆရာ ကာဇူအို အီရှီဂူရို နဲ့ West End နဲ့ Broadway ကြယ်ပွင့် အီလိန်း ပေ့ချ်တို့လည်း ပါဝင်ခဲ့ပါတယ်။ အင်္ဂလန်ဘောလုံးအသင်းခေါင်းဆောင်ဟောင်း ဒေးဗစ်ဘက်ခမ်းအနေနဲ့ အားကစားနှင့် ပရဟိတလုပ်ငန်းတွေ ဆောင်ရွက်ခဲ့မှု‌ တွေအတွက် ဆာဘွဲ့ကို ရရှိခဲ့ခြင်း ဖြစ်ပါတယ်။ ဘက်ခမ်းကို ဒီနှစ်အစောပိုင်းက ထုတ်ပြန်ခဲ့တဲ့ ဘုရင့်မွေးနေ့ ဂုဏ်ထူးဆောင်ဘွဲ့စာရင်းမှာ ထည့်သွင်းခဲ့ပါတယ်။ ဘက်ခမ်းဟာ ဆုလက်ခံရယူဖို့အတွက် သူ့ဇနီးဖြစ်သူ ဗစ်တိုးရီးယားချုပ်ပေးတဲ့ဝတ်စုံကို ဝတ်ဆင်ကာ တက်ရောက်ခဲ့တာဖြစ်ပါတယ်။ ချားလ်စ်ဘုရင်က သူ့ဝတ်စုံကို တော်တော်လေး သဘောကျတယ်လို့လည်း ဒေးဗစ်ဘက်ခမ်းက ထပ်လောင်းပြောကြားခဲ့ပါတယ်။ (NVS 008)

05 Nov

ADVERTISE HERE .