“ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အသက်အငယ်ဆုံး ပွဲကစားခွင့်ရသူအဖြစ် စံချိန်တင်ခဲ့တဲ့ မက်စ်ဒေါင်းမန်း”
05 Nov
အာဆင်နယ်အသင်းရဲ့ အင်္ဂလန်တိုက်စစ်ကစားသမား မက်စ်ဒေါင်းမန်း ဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အသက်အငယ်ဆုံး ပွဲကစားခွင့်ရသူအဖြစ် စံချိန်တင်နိုင်ခဲ့ကြောင်း သိရပါတယ်။ အာဆင်နယ်အသင်းက ဆလားဗီးယားပရပ်ဂ်ကို ၃ဂိုးပြတ်နဲ့ အနိုင်ရရှိတဲ့ပွဲစဉ်မှာ မက်စ်ဒေါင်းမန်းဟာ ပွဲချိန် ၇၂ မိနစ်မှာ လူစားဝင်ကစားခွင့်ရခဲ့ပြီး သူ့အနေနဲ့ အသက် ၁၅ နှစ်နဲ့ ၃၀၈ ရက်သာ ရှိသေးတာကြောင့် အခုလို စံချိန်သစ်ကို ပိုင်ဆိုင်ခဲ့တာ ဖြစ်ပါတယ်။ ယခင်က ချန်ပီယံလိဂ်မှာ အသက်အငယ်ဆုံးကစားသမားအဖြစ် နောက်ဆုံး စံချိန်တင်ထားသူကတော့ ၂၀၂၀ ပြည့်နှစ်က ဒေါ့မွန်အသင်းအတွက် ပွဲထွက်ကစားခဲ့တဲ့ မူကိုကို ဖြစ်ပါတယ်။ ဘာစီလိုနာကစားသမား ယာမယ် က ၂၀၂၃ ခုနှစ်မှာ အသက် ၁၆ နှစ်၊ ၆၈ ရက်နဲ့ ဒုတိယအသက် အငယ်ဆုံးကစားသမားအဖြစ် ရပ်တည်နေခဲ့တာ ဖြစ်ပါတယ်။ မက်စ်ဒေါင်းမန်း ဟာ အသက် ၁၇ နှစ်မပြည့်သေးတာ ကြောင့် အာဆင်နယ်အသင်းနဲ့ စကောလားရှစ်စာချုပ်သာချုပ်ဆိုနိုင်သေးပေမယ့် အသင်းရဲ့ အနာဂတ်မှာ သေချာပေါက်ရှိနေမယ့်သူဖြစ်ကြောင်း အာဆင်နယ်နည်းပြ အာတီတာက ပြောကြားထားပါတယ်။ (NVS 008)