“မက်ဆီ၊ စီရော်နယ်လ်ဒိုတို့နဲ့ အဝေးကြီးမှာသာရှိသေးတယ်လို့ ပြောကြားခဲ့တဲ့ ဟာလန်း”
05 Nov
မန်စီးတီးအသင်းရဲ့ တိုက်စစ်မှူး ဟာလန်း က မိမိအနေနဲ့ မက်ဆီ၊ စီရော်နယ်လ်ဒိုတို့နဲ့ အဝေးကြီးမှာသာ ရှိသေးတယ်လို့ ပြောကြားခဲ့ပါတယ်။ လက်ရှိအချိန်မှာ ဟာလန်း ဟာ အကောင်းဆုံးဂိုးသွင်းစွမ်းရည်ကို ပြသနေပြီး အသက် ၂၅ နှစ်အရွယ်မှာပဲ ကလပ်အသင်းနဲ့ နိုင်ငံအသင်းအတွက် ဂိုးပေါင်း ၃၂၇ ဂိုး သွင်းယူထားတာကြောင့် မက်ဆီနဲ့ စီရော်နယ်လ်ဒိုတို့ရဲ့ စံချိန်ကို ချိုးနိုင်မယ့်သူအဖြစ် ညွှန်းဆိုခံထားရသလို မက်ဆီ၊ စီရော်နယ်လ်ဒိုတို့နဲ့ နှိုင်းယှဉ်ချီးကျူးမှုတွေလည်း ရှိနေပါတယ်။ ဒေါ့မွန်နဲ့ ပွဲအကြိုပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ လက်ရှိခြေစွမ်းက မက်ဆီနဲ့ စီရော်နယ်လ်ဒိုတို့ရဲ့ အဆင့်အတန်းမျိုး ရောက်ရှိနေပြီလားလို့ မေးမြန်းမှုကို ဟာလန်းက မရောက်ရှိသေးပါဘူး။ သူတို့နှစ်ယောက်ကို မီနိုင်မယ့်သူ မရှိသေးပါဘူးလို့ ပြန်လည်ပြောကြားခဲ့တာ ဖြစ်ပါတယ်။ (NVS 008)
05 Nov