“ပဋိပက္ခများကြောင့် နှစ်နိုင်ငံဆက်ဆံရေးကို မပျက်စီးစေလိုဟု ရှီကျင့်ဖျင် ပြော”

05 Nov

ပဋိပက္ခများနှင့် သဘောထားကွဲလွဲမှုများကြောင့် နှစ်နိုင်ငံကြားဆက်ဆံရေးကို မထိခိုက်စေလိုကြောင်း တရုတ်သမ္မတ ရှီကျင့်ဖျင် က ဂျပန်ဝန်ကြီးချုပ် ဆာနာအီတာကာအီချီနှင့် တောင်ကိုရီးယားနိုင်ငံ၌ တွေ့ဆုံစဉ် ပြောသည်။ ရှီကျင့်ဖျင် နှင့် ဆာနာအီတာကာအီချီ တို့ သည် အောက်တိုဘာလ ၃၁ ရက်တွင် ကျင်းပသော APEC ထိပ်သီးညီလာခံ၏ ဘေးပန်းတွေ့ဆုံမှုအဖြစ် မိနစ် ၃၀ ကြာ တွေ့ဆုံဆွေးနွေးခြင်းဖြစ်သည်။ ရှီကျင့်ဖျင် အနေဖြင့် ဆာနာအီတာကာအီချီ နှင့်တွေ့ဆုံမှုသည် ယခုမှပထမဆုံးအကြိမ် ဖြစ်သည်။ နှစ်နိုင်ငံကြားတွင် သဘောထားကွဲလွဲမှုများ ရှိနေလင့်ကစား တူညီသည့်အကျိုးစီးပွားများအတွက် ပူးပေါင်း ဆောင်ရွက်သွားသင့်ကြောင်းနှင့် မတူညီမှုများကို သင့်လျော်စွာ ဖြေရှင်းသင့်ကြောင်း ရှီကျင့်ဖျင် ကပြောသည်ဟု CCTV သတင်းဌာနက ဖော်ပြထားသည်။ ထို့ပြင် ပဋိပက္ခများနှင့် သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်ခြင်းကို တားဆီး ဟန့်တားနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်သင့်ကြောင်း ရှီကျင့်ဖျင် က ပြောသည်။ တစ်ချိန်တည်းမှာပင် ဂျပန် ဝန်ကြီးချုပ် က နှစ်နိုင်ငံကြားတွင် စိန်ခေါ်မှုများရှိနေဆဲဖြစ်သော်လည်း အပြန်အလှန်နားလည်မှုဖြင့် ဖြေရှင်းနိုင် မည်ဟုမျှော်လင့်ကြောင်း ပြောထားသည်ဟု SCMP သတင်းဌာနဖော်ပြချက်အရ သိရသည်။

05 Nov

ADVERTISE HERE .