“မုံရွာမြို့တွင် သံဃာတော်အပါး ၁,၀၀၀ ကို ဆွမ်းဆန်စိမ်းလောင်းလှူ”
05 Nov
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှကြီးမှူး၍ စတုတ္ထအကြိမ်မြောက်အဖြစ် သံဃာတော်အပါး ၁,၀၀၀ ကို ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ လောင်းလှူပွဲကို နိုဝင်ဘာလ ၄ ရက် နံနက်ပိုင်းက မြို့ရာပြည့်စေတီတော် မြတ်ကြီးရှိ အရှေ့ဘက်ကန်သာယာတွင် ကျင်းပခဲ့ပါတယ်။ အခမ်းအနားတွင် စစ်ကိုင်းတိုင်းဝန်ကြီးချုပ်နှင့်ဇနီး၊ တာဝန်ရှိသူများ၊ အလှူရှင်များက မုံရွာမြို့နယ်၊ ချောင်းဦး မြို့နယ်၊ အရာတော်မြို့နယ်၊ ဘုတလင်မြို့နယ်များမှ ဆရာတော်၊ သံဃာတော်အပါး ၁,၀၀၀ နှင့် သီလရှင်ဆရာကြီး/ ဆရာလေးများအား ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကို လောင်းလှူခဲ့ကြပါတယ်။ နိုဝင်ဘာလ ၄ ရက်ညပိုင်းတွင်လည်း ပြည်ထောင်စုရင်ပြင်မှာကျင်းပသည့် တန်ဆောင်တိုင်ပွဲတော်တွင် ဌာနဆိုင်ရာအသီးသီးမှ ဝန်ထမ်းများက မီးပုံးပျံအလုံး ၁,၅၀၀ ကျော်ကို လွှတ်တင်ကာ မီးရှူးမီးပန်းများပစ်ဖောက်၍ ဆင်နွှဲခဲ့ကြပါတယ်။ ထို့ပြင် မုံရွာမြို့ပေါ်ရှိ ဌာနဆိုင်ရာဝန်ထမ်းများ၊ တက္ကသိုလ်/ဒီဂရီကောလိပ်များမှ ကျောင်းသား/ကျောင်းသူ များနှင့် မြို့ပေါ်ရှိရပ်ကွက်နေပြည်သူများကို တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးရှိ ဝန်ကြီးဌာနများ၊ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံးနှင့် မုံရွာမြို့ပေါ်ရှိ ပုဂ္ဂိကဆေးရုံ/ကျောင်းများ၊ ဟိုတယ်လုပ်ငန်းရှင်များ၊ ဆန်/ဆီကုန်သည်ကြီးများ အသင်းများနှင့် MSME လုပ်ငန်းရှင်များမှ စတုဒီသာမဏ္ဍပ် ၂၂ ခုနဲ့ စတုဒိသာများကျွေးမွေးခဲ့ကြပါတယ်။ (NVS 004)