“ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နှင့် ရုရှားနိုင်ငံ နိုဗိုစီဗစ် ဒေသအုပ်ချုပ်ရေးမှူးနှင့်တွေ့ဆုံ”

05 Nov

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း နှင့် ရုရှားနိုင်ငံ နိုဗိုစီဗစ်ဒေသ အုပ်ချုပ်ရေးမှူး H.E Mr.Andrei Travnikov ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံပြီး မြန်မာနိုင်ငံ ကျန်းမာရေး ဝန်ကြီးဌာနနှင့် နိုဗိုစီဗစ်ဒေသတို့အကြား ကျန်းမာရေးကဏ္ဍပူးပေါင်း ဆောင်ရွက်မှုမြှင့်တင်ရေး၊ နှစ်ဦးနှစ်ဖက် ဆေးရုံများအကြား ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်နိုင်ရေးကိစ္စရပ်များ ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။ ဒါ့အပြင် ဆရာဝန်များ၊ သူနာပြုများနှင့် ဆေးဘက်ဆိုင်ရာပညာရှင်များ အပြန်အလှန် အတွေ့အကြုံ ဖလှယ်ခြင်း လုပ်ငန်းများအတွက် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးရေး အဆိုပြုကိစ္စရပ်များ ကျန်းမာရေး လူစွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရန်အတွက် နှစ်နိုင်ငံအပြန်အလှန် ဆေးဘက်ဆိုင်ရာဆရာဝန်များ အထူးကု ဆရာဝန်များ၏ ဆေးကုသမှုလိုင်စင်များ အပြန်အလှန် အသိမှတ်ပြုနိုင်ရေးကိစ္စရပ်များလည်း ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။ အဆိုပါတွေ့ဆုံပွဲသို့ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး ရုရှားသံအမတ်ကြီးနှင့် သံရုံးတာဝန်ရှိသူများ၊ နိုဗိုစီဗစ်ဒေသအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရပါတယ်။(NVS 004)

05 Nov

ADVERTISE HERE .